ကိုရီးယားကျွန်းဆွယ်မှာ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့ လေကြောင်း လေကျင့်မှုလုပ်

0
274

မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဒုံးကျည်ပစ်လွှတ်လိုက်ပြီးနောက် ကိုရီးယား ကျွန်းဆွယ်မှာ အမေရိကန် B 1B ဗုံးကြဲလေယာဉ်ကြီးတွေ နဲ့အတူ ဂျပန်၊ တောင်ကိုရီးယား တို့ဟာ ပူးတွဲလေကျင့်မှုတွေ လုပ်နေပါတယ်။

တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံက တိုက်လေယာဉ်တွေနဲ့အတူ အမေရိကန်နိုင်ငံက F35B တိုက်လေယာဉ်တွေလည်း ပူးတွဲစစ်ရေးလေကျင့်တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ နှစ်စဉ်ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှု အဆုံးသတ်ပြီးနောက် မကြာမီမှာပဲ အခုလိုမျိုး စစ်ရေးလေကျင့်တာတွေ လုပ်နေတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံရဲ့ လုပ်ရပ်ဟာ မဟာမိတ်နိုင်ငံတွေကို ခြိမ်းခြောက်မှုတွေအပြင် ဒေသအတွင်း မတည်ငြိမ်မှုတွေကို ဖြစ်စေလို့ စစ်ရေးလေကျင့်မှုတွေ တိုးမြှင့်လေကျင့်နေတာ ဖြစ်တယ်လို့ ပစိဖိတ် ဒေသဆိုင်ရာ အမေရိကန် လေကြောင်း ဗိုလ်ချုပ် ဂျေ အို ရှပ်ဂနပ်စီ က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)