အမေရိကန်မှာ မြို့ ၄၀ ကို ညမထွက်ရ အမိန့်ထုတ်

0
391

လူမျိုးရေးခွဲခြားမှု ဆန္ဒပြမှု၊ လုယက်ဖျက်ဆီးမှုတွေကြောင့် အမေရိကန် ပြည်ထောင်စုမှာ အနည်းဆုံး မြို့ ၄၀ နဲ့ ဝါရှင်တန် ဒီစီ မြို့တော်တို့ကို ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

ပြည်နယ် ၁၅ ခုနဲ့ ဝါရှင်တန် ဒီစီမှာ မေလ ၃၁ ရက်ကစပြီး အမျိုးသားလုံခြုံရေး တပ်ဖွဲ့ဝင် ၅ ထောင်ခန့် တပ်ချထားပြီး တခြား တပ်ဖွဲ့ဝင် ၂ ထောင်ကိုလည်း လိုအပ်ရင် သုံးဖို့ အသင့်ပြင်ထားပါတယ်။

အာဖဂန်-အမေရိကန်ဖြစ်သူ ဂျော့ဂျ် ဖလွိုက်ကို ဒဲရက် ချော်ဗင် အပါအဝင် ရဲလေးဦးက ချုပ်နှောင်ဖမ်းဆီးစဉ် အသက်ရှူကြပ်ကာ လက်လွန်သေဆုံးလို့ အမေရိကန် ပြည်ထောင်စုတစ်လွှား ဆန္ဒပြပွဲတွေ၊ အဓိကရုဏ်းတွေ ဖြစ်နေတာပါ။

ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ မြို့တွေထဲမှာ အရီဇိုးနား ပြည်နယ် တစ်ခုလုံး၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ လော့စ် အိန်ဂျလိစ်၊ ဆန်ဖရန်စစ္စကို၊ ဘီဗာလီဟေးလ်၊ ဆန်တာ မော်နီကာ၊ ဝက်စ် ဟောလိဝုဒ်၊ ဆန်ဂျိုး၊ ကော်လိုရာဒိုပြည်နယ်မှာ ဒင်ဗာ၊ ကိုလံဘီယာ ဒိစတြိတ်၊ ဖလော်ရီဒါပြည်နယ်မှာ မိုင်ယာမီ၊ အော်ရိန်း စီရင်စု၊ ဂျက်ဆွန်ဗီးလ်၊ အော်လန်ဒို၊ ဂျော်ဂျီယာ ပြည်နယ်မှာ အတ္တလန်တာ၊ အီလီနွိုက်ပြည်နယ်မှာ ချီကာဂို၊ အင်ဒီယားနားပြည်နယ်မှာ အင်ဒီယာနာပိုလစ်၊ နယူးယောက်မှာ ရိုချက်စတာ၊ ဝါရှင်တန်မှာ ဆီယက်တဲလ် စတာတွေ ပါဝင်ပါတယ်။

အရေးပေါျ အခွအေနေ ကွညောထားတဲ့ ပွညျနယျတှကေတော့ အရီဇိုးနား၊ တက်ကဆကျဈနဲ့ ဗာဂြီးနီးယားတို့ ဖွဈပါတယျ။

_____________________

Demonstrators block the path of a Los Angeles Fire Department truck during a public disturbance on Melrose Avenue, Saturday, May 30, 2020, in Los Angeles. Protests were held in U.S. cities over the death of George Floyd, a black man who died after being restrained by Minneapolis police officers on May 25. (AP Photo/Chris Pizzello)

_____________________

အမေရိကန်မှာ မြို့ ၄၀ ကို ညမထွက်ရ အမိန့်ထုတ်

လူမျိုးရေးခွဲခြားမှု ဆန္ဒပြမှု၊ လုယက်ဖျက်ဆီးမှုတွေကြောင့် အမေရိကန် ပြည်ထောင်စုမှာ အနည်းဆုံး မြို့ ၄၀ နဲ့ ဝါရှင်တန် ဒီစီ မြို့တော်တို့ကို ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

ပြည်နယ် ၁၅ ခုနဲ့ ဝါရှင်တန် ဒီစီမှာ မေလ ၃၁ ရက်ကစပြီး အမျိုးသားလုံခြုံရေး တပ်ဖွဲ့ဝင် ၅ ထောင်ခန့် တပ်ချထားပြီး တခြား တပ်ဖွဲ့ဝင် ၂ ထောင်ကိုလည်း လိုအပ်ရင် သုံးဖို့ အသင့်ပြင်ထားပါတယ်။

အာဖဂန်-အမေရိကန်ဖြစ်သူ ဂျော့ဂျ် ဖလွိုက်ကို ဒဲရက် ချော်ဗင် အပါအဝင် ရဲလေးဦးက ချုပ်နှောင်ဖမ်းဆီးစဉ် အသက်ရှူကြပ်ကာ လက်လွန်သေဆုံးလို့ အမေရိကန် ပြည်ထောင်စုတစ်လွှား ဆန္ဒပြပွဲတွေ၊ အဓိကရုဏ်းတွေ ဖြစ်နေတာပါ။ 

ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ မြို့တွေထဲမှာ အရီဇိုးနား ပြည်နယ် တစ်ခုလုံး၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ လော့စ် အိန်ဂျလိစ်၊ ဆန်ဖရန်စစ္စကို၊ ဘီဗာလီဟေးလ်၊ ဆန်တာ မော်နီကာ၊ ဝက်စ် ဟောလိဝုဒ်၊ ဆန်ဂျိုး၊ ကော်လိုရာဒိုပြည်နယ်မှာ ဒင်ဗာ၊ ကိုလံဘီယာ ဒိစတြိတ်၊ ဖလော်ရီဒါပြည်နယ်မှာ မိုင်ယာမီ၊ အော်ရိန်း စီရင်စု၊ ဂျက်ဆွန်ဗီးလ်၊ အော်လန်ဒို၊ ဂျော်ဂျီယာ ပြည်နယ်မှာ အတ္တလန်တာ၊ အီလီနွိုက်ပြည်နယ်မှာ ချီကာဂို၊ အင်ဒီယားနားပြည်နယ်မှာ အင်ဒီယာနာပိုလစ်၊ နယူးယောက်မှာ ရိုချက်စတာ၊ ဝါရှင်တန်မှာ ဆီယက်တဲလ် စတာတွေ ပါဝင်ပါတယ်။

အရေးပေါ် အခြေအနေ ကြေညာထားတဲ့ ပြည်နယ်တွေကတော့ အရီဇိုးနား၊ တက္ကဆက်စ်နဲ့ ဗာဂျီးနီးယားတို့ ဖြစ်ပါတယ်။

ဒါ့အပြင် ချီကာဂိုမြိုကမှာ စီးပွားရေး အချက်အခြာကျတဲ့နေရာတွေကို ပိတ်ထားပြီး မင်နီဆိုတာပြည်နယ်မှာ အဓိက အဝေးပြေးလမ်းမတွေကိုလည်း ပိတ်ထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)