ပါကစ္စတန် ကော်မရှင်အဖွဲ့ဝင် နှစ်ဦးကို အိန္ဒိယက နှင်ထုတ်

0
153

ဒေလီမြို့ အခြေစိုက် ပါကစ္စတန် ကော်မရှင်အဖွဲ့ဝင် နှစ်ဦးကို သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အိန္ဒိယ အစိုးရက နိုင်ငံကနေ နှင်ထုတ်လိုက်ပြီး ပါကစ္စတန်ကတော့ ဒါဟာ မှားယွင်းပြီး မသေချာဘဲ လုပ်တာဖြစ်တယ်လို့ ချက်ချင်း တုံ့ပြန်ထားပါတယ်။

နှင်ထုတ်ခံရသူတွေကတော့ ပါကစ္စတန် ကိုယ်စားလှယ်အဖွဲ့ လက်ထောက် အာဘစ် ဟူစိန် အာဘစ် (၄၂ နှစ်) နဲ့ ကိုယ်စားလှယ်အဖွဲ့ စာရေး မိုဟာမက် တာဟီ ခန်း (၄၄ နှစ်) တို့ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ သူလျှိုလုပ်ငန်းတွေ လုပ်နေတယ်ဆိုတာ အိန္ဒိယ လုံခြုံရေးအဖွဲ့တွေက သိရှိခဲ့တယ်လို့ အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနရဲ့ ဒီနေ့ ဇွန်လ ၁ ရက် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပါကစ္စတန် အရာရှိနှစ်ဦးဟာ အိန္ဒိယနိုင်ငံသား တစ်ဦးထံကနေ အိန္ဒိယရဲ့ လုံခြုံရေးချထားမှု အခြေအနေ စာရွက်စာတမ်းတွေကို ရယူခဲ့တယ်လို့ အိန္ဒိယ မီဒီယာတွေက ဖော်ပြပါတယ်။


___________________

____________


ဒေလီမြို့ အခြေစိုက် ပါကစ္စတန် ကော်မရှင်အဖွဲ့ဝင် နှစ်ဦးကို သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အိန္ဒိယ အစိုးရက နိုင်ငံကနေ နှင်ထုတ်လိုက်ပြီး ပါကစ္စတန်ကတော့ ဒါဟာ မှားယွင်းပြီး မသေချာဘဲ လုပ်တာဖြစ်တယ်လို့ ချက်ချင်း တုံ့ပြန်ထားပါတယ်။ 

နှင်ထုတ်ခံရသူတွေကတော့ ပါကစ္စတန် ကိုယ်စားလှယ်အဖွဲ့ လက်ထောက် အာဘစ် ဟူစိန် အာဘစ် (၄၂ နှစ်) နဲ့ ကိုယ်စားလှယ်အဖွဲ့ စာရေး မိုဟာမက် တာဟီ ခန်း (၄၄ နှစ်) တို့ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ သူလျှိုလုပ်ငန်းတွေ လုပ်နေတယ်ဆိုတာ အိန္ဒိယ လုံခြုံရေးအဖွဲ့တွေက သိရှိခဲ့တယ်လို့ အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနရဲ့ ဒီနေ့ ဇွန်လ  ၁ ရက် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပါကစ္စတန် အရာရှိနှစ်ဦးဟာ အိန္ဒိယနိုင်ငံသား တစ်ဦးထံကနေ အိန္ဒိယရဲ့ လုံခြုံရေးချထားမှု အခြေအနေ စာရွက်စာတမ်းတွေကို ရယူခဲ့တယ်လို့ အိန္ဒိယ မီဒီယာတွေက ဖော်ပြပါတယ်။    

နိုင်ငံခြားသား ဝင်ရောက် နေထိုင်မှု တားမြစ်ချက် (persona non grata) အရ ပါကစ္စတန် အရာရှိနှစ်ဦး ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံကနေ ထွက်သွားဖို့ အိန္ဒိယအစိုးရက ကြေညာခဲ့တာပါ။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)