ကင်ညာနိုင်ငံအတွင်း ရပ်ဝန်းနှင့် ပိုးလမ်းမကြီးရဲ့ အစိတ်အပိုင်းအတွက် မီးရထားလမ်းဆောက်လုပ်

0
240

ကင်ညာနိုင်ငံမြို့တော်   နိုင်ရိုဘီမြို့ မှ မွမ်ဘာဆာ ဆိပ်ကမ်း ကို ဆက်သွယ်ဖို့ မီးရထားလမ်းကို တရုတ်နိုင်ငံရဲ့ ထောက်ပံ့ငွေ ဒေါ်လာ ၃.၂ ဘီလီယံ  နဲ့ ဆောက်လုပ်တော့မှာ ဖြစ်ပါတယ်။

ဒ်ါလာမီလီယမ်များစွာ ကုန်ကျမဲ့ မီးရထားလမ်းဟာ တရုတ်နိုင်ငံနဲ့ ဆက်သွယ်မဲ့  ရပ်ဝန်းနဲ့ ပိုးလမ်းမကြီး (One Belt, One Road) ရဲ့ ပဏာမခြေလမ်းဖြစ်ပြီး   တရုတ် ၊ ဥရောပ၊ အာရှ နဲ့ အာဖရိက နိုင်ငံတွေ ကို ကုန်းလမ်း ၊ရေလမ်းတွေ ကနေ ဆက်သွယ်ပြီး ကုန်သွယ်မှုပြုလုပ်သွားမှာပဲဖြစ်ပါတယ်။  

ယူဂန်ဒါ၊ ရ၀မ်ဒါ၊ ဘာရွန်နီ ၊ ကွန်ဂို ၊တောင်ဆူဒန်၊ အီသီယိုး ပီးယားမှ  ကင်ညာနိုင်ငံ မွမ်ဘာဆာဆိပ်ကမ်း ကို ကုန်းလမ်းနဲ့ ဆက်သွယ်ပြီး  အိန္ဒိယသမုဒ္ဒရာမှတစ်ဆင့်  အိန္ဒိယနိုင်ငံဆိပ်ကမ်းကနေ   တရုတ်နိုင်ငံဆီကို ဦးတည် ပြီး အရှေ့ အာဖရိကနိုင်ငံတွေအပြင် တခြားနိုင်ငံတွေနဲ့ပါ   ကုန်သွယ်ရေး ကဏ္ဍမြှင့်တင်ဖို့ စတင်ခဲ့ တာဖြစ်ပါတယ်။

လက်ရှိဆောက်လုပ်မဲ့ ကင်ညာနိုင်ငံက မီးရထားလမ်းဟာ  လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၅၀အကြာမှ

အကြီးမားဆုံး ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု ဖြစ်လာခဲ့ ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)