နာမည်ကျော် ဂီတသမား ဂျယ်ရီဂရာစီယာရဲ့ ဂစ်တာ ၁.၉ သန်းနဲ့ လေလံအောင်

0
424

မနေ့ညက အမေရိကန်နိုင်ငံ၊ နယူးယောက်ခ်မြို့မှာ ကျင်းပခဲ့တဲ့ လေလံပွဲမှာ နာမည်ကျော် ဂီတသမား ဂျယ်ရီဂရာစီယာ အသုံးပြုခဲ့တဲ့တဲ့ ဂစ်တာဟာ လေလံအောင်သွားကြောင်း သိရှိရပါတယ်။

အဲဒီဂစ်တာကို အမေရိကန် အဆိုတော်၊သီချင်းရေးဆရာနဲ့ ဂစ်တာသမားဖြစ်သူ ဂျယ်ရီဟာ ဆန်ဖရန်စစ္စကိုကနေ အီဂျစ်ပိရမစ် တွေအထိ ယူဆောင်တီးခတ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါဂစ်တာကို လူသားချင်းစာနာ ကူညီရေးသမား ဂီတနဲ့ရုပ်ရှင်ဒါရိုက်တာ ဒန်နီဇဲလ်ပရစ်ကာက ၂၀၀၂ ခုနှစ်မှာ ဒေါ်လာ ၇ သိန်း ၉ သောင်းနဲ့ ၀ယ်ယူပိုင်ဆိုင်ခဲ့တာပါ။ ဂစ်တာရဲ့နာမည်ကို ၀ံပုလွေလို့ နာမည်ပေးထားကြောင်းလည်း သိရှိရပါတယ်။

“ ကျွန်တော်က သူ့ကို ကလေးဘ၀ကတည်းက အားပေးခဲ့တဲ့သူပါ၊ ပြီးခဲ့တဲ့ ၁၅ နှစ်ကာလမှာ ဒီဂစ်တာနဲ့ တီးခတ်ခွင့်ရခဲ့လို့ အင်မတန်မှ ပျော်ခဲ့ရတယ်။ ဒါပေမဲ့ အခုအချိန်မှာ ၀ံပုလွေက တစ်ခုခုကောင်းတာလုပ်ဖို့ အချိန်တန်ပါပြီ” လို့ ဂစ်တာပိုင်ရှင်ဒန်နီဇဲလ်က ပြောကြားခဲ့ပါတယ်။

လေလံပစ်သူတွေက ၀ံပုလွေလို့အမည်ပေးထားတဲ့ အဆိုပါဂစ်တာကို ၁၉၇၃ခုနှစ်က နယူးယောက်ခ်ဖြေဖျော်ပွဲမှာ ဂျယ်ရီက ပထမဆုံး အကြိမ် စတင်အသုံးပြုခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဂစ်တာရဲ့ပုံစံက နတ်ဆိုးဆန်ပေမယ့် ရယ်စရာကောင်းတဲ့ ကာတွန်းဝံပုလွေမျက်နှာနဲ့ဖြစ်ပါတယ်။ ဂျယ်ရီက “The Grateful Dead Movie” ရုပ်ရှင်ကားကို ၁၉၇၇ခုနှစ်က ရိုက်ကူးရာမှာ အဆိုပါဂစ်တာကို ထည့်သွင်းအသုံးပြုခဲ့ ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)