ကိုလံဘီယာနိုင်ငံက ကျောင်းဆရာ၊ဆရာမတွေ နောက်ထပ်ဆန္ဒပြ

0
262

ကိုလံဘီယာ နိုင်ငံတွင်းမှာ ရှိတဲ့ ကျောင်းဆရာ ၊  ဆရာမ ထောင်ပေါင်းများစွာ မနေ့မေ ၃၁ ရက်နေ့ကလည်း ထပ်မံ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ အခုလို ဆန္ဒပြမှုတွေကို မေ ၁၁ ရက်နေ့ကစတင်ပြုလုပ်ခဲ့တာဖြစ်ပြီး အဓိက အားဖြင့် ပညာရေးဝန်ထမ်းတွေရဲ့ လက်ရှိ အလုပ်လုပ်ကိုင်နေရတဲ့ အခြေအနေအပေါ် မကျေနပ်ကြတဲ့ အတွက်ကြောင့် ဆန္ဒပြမှုတွေ ပြုလုပ်နေတာပဲဖြစ်ပါတယ်။

ပညာရေးပိုင်းဆိုင်ရာတိုးတက်လာအောင် ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ပေးဖို့၊ လစာတိုးမြှင့်ပေးဖို့ နဲ့ ပညာရေးဝန် ထမ်းတွေ ကျန်းမာရေးအာမခံ အပြည့်အ၀ ရရှိဖို့ အစိုးရကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

နောက်ထပ်လည်း ကျောင်းအတွင်းမှာ လိုအပ်နေတဲ့ သိပ္ပံဘာသာရပ်နဲ့ သက်ဆိုင်တဲ့ ဓါတ်ခွဲခန်းအတွက်လို အပ်တဲ့ ပစ္စည်းတွေ နဲ့ အားကစားပိုင်းဆိုင်ရာ ပစ္စည်းတွေကို အပြည့်အစုံထားပေးဖို့၊ ကျောင်းသွားဖို့ ပို့ဆောင်ရေး ကဏ္ဍတွေ တွေ ပိုမိုတိုးတက်လာဖို့  ဆက်လက်တောင်းဆိုခဲ့တာပဲဖြစ်ပါတယ်။

ကိုလံဘီယာသမ္မတကတော့ ဆရာ၊ဆရာမတွေနဲ့ မတွေ့ဆုံနိုင်ကြောင်း နဲ့ အပြည့်အ၀ ထောက်ပံပေးဖို့ ငွေကြေးမလုံလောက်ကြောင်းပြောဆိုခဲ့ပါတယ်။

ကျောင်းသား ၄၀-၅၀ လောက်ရှိနေတဲ့ စာသင်ခန်းထဲက ကျောင်းသားအားလုံးကို အရည်အသွေးတက်အောင် သင်ကြားဖို့ မဖြစ်နိုင်ဘူးလို့ ဆန္ဒပြဆရာမတစ်ဦးက ပြောပါတယ်။

အစိုးရနဲ့ ဆရာ၊ဆရာမတွေကြား သဘောတူညီမှုသာ မရရှိခဲ့ရင် ဂျွန်လ အစောပိုင်းကာလမှာ နိုင်ငံအတွင်းက ကျောင်းသား ၈ သန်းနီးပါးတွေအတွက် လပေါင်းများစွာ အားလပ်ရက်တွေ ဖြစ်သွားနိုင်ပြီး မသေချာ မရေရာမှုတွေနဲ့ ပဲ  အဆုံးသတ်သွားနိုင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)