အစ္စလာမ်မစ်စစ်သွေးကြွ တိုက်ဖျက်စစ်ဆင်ရေးတိုက်ပွဲမှာ ဖိလစ်ပိုင်အစိုးရတပ်ဘက်က ၁၀ ဦးသေ

0
253

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မရာဝီမြို့ထဲက အစ္စလာမစ်စစ်သွေးကြွတွေရဲ့ အဓိကနေထိုင်ရာ နေရာတွေကိုဖိလစ်ပိုင် အစိုးရတပ်တေ ဒီကနေ့ ဂျွန်လ ၁ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာအစ္စလာမ်မစ်စစ်သွေးကြွတွေကို အထူးလေကြောင်း တိုက်ဖျက်စစ်ဆင်ရေး ပြုလုပ်ဖို့ အမိန့်ပေးခဲ့တာဖြစ်ပြီး  ဒီကနေ့မှာတော့ နောက်ထပ်စစ်သား၁၀ ဦး သေဆုံးခဲ့ပါတယ်။

အဲ့ဒီ လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးအတွင်း မေ ၂၃ ရက်နေ့ကလည်း စစ်သား ၇ ဦး ဒဏ်ရာရရှိခဲ့ကာ SF တို်က်လေယာဉ် နှစ်စင်းနဲ့ မရာဝီမြို့ရဲ့ စစ်သွေးကြွတွေနေထိုင်ရာ အဓိကနေရာတွေကို ဗုံးကြဲတိုက်ခိုက်မှု တွေပြုလုပ်ခဲ့ပါတယ်။

မေ ၂၃ ရက်နေ့က စတင်ခဲ့တဲ့ နှိမ်နှင်းရေးတိုက်ပွဲအတွင်း အစိုးရတပ်သား ၃၈ ၊ အရပ်သား ၁၉ ဦးနဲ့ အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့ဘက်နဲ့ ဆက်စပ်နေသူတွေဘက်က သေဆုံးသူ ၁၂၀ နီးပါးရှိခဲ့ပါပြီ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)