IS အကြမ်းဖက်သမားတွေ ရက်ကာကနေ ဆုတ်ခွာ

0
254

IS အကြမ်းဖက်သမားတွေဟာ သူတို့ ခြေကုပ်ယူထားတဲ့ ဆီးရီးယားနိုင်ငံ၊ ရက်ကာမြို့ကနေ ယူဖရေးတီးမြစ်ကို ဖြတ်ပြီး ဆုတ်ခွာသွားပါတယ်။

ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ (SDF) နဲ့ အမေရိကန်၊ UK နဲ့ ပြင်သစ်က အထူးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ရက်ကာကို မြောက်ပိုင်းကနေ ပိတ်ဆို့ထားတယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဒီနေ့ ကြာသပတေးနေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။

SDF ရဲ့ ထိုးစစ်တွေကို ခေတ္တရပ်ဆိုင်းထားပါတယ်။ IS အကြမ်းဖက်သမားတွေဟာ ယူဖရေးတီးမြစ်ကို ဖြတ်ပြီး ဆီးရီးယား တောင်ပိုင်းမှာ လူပြန်စုဖို့ ကြိုးစားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ရက်ကာကနေ ဟုမ်းနဲ့ ဟာမာ ခရိုင်တွေကို ဝင်ရောက်လာမယ့် IS အကြမ်းဖက် အဖွဲ့ဝင်တွေကို တားဆီးဖို့ လုပ်ဆောင်နေပါတယ်။

ရုရှား လေတပ်ဟာ IS အကြမ်းဖက်သမား ၈၀ ကျော်ကို သုတ်သင်ပြီး၊ ကား ၃၆ စီး၊ လောင်စာတင်ယာဉ် ၈ စီးနဲ့ မော်တာ၊ စက်သေနတ်တွေ တပ်ဆင်ထားတဲ့ ထရပ်ကား ၁၇ စီးတို့ကို ဖျက်ဆီးလိုက်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)