သမ္မတထရန့်ခေတ်ကို ဆွေးနွေးခန့်မှန်းချက်ထုတ်ဖို့ ကမ္ဘာလုံးဆိုင်ရာ လျှို့ဝှက်အုပ်စု စည်းဝေးမှုစတင်

0
286

အမေရိကန်သမ္မတအဖြစ် အတွေ့အကြုံနည်းပါးလှတဲ့ မစ္စတာဒေါ်နယ်လ်ထရန့်ရဲ့လုပ်ဆောင်မှုအပေါ် အကဲဖြတ်သုံးသပ်ခန့်မှန်း ချက်ထုတ်ဖို့ ဥရောပ တော်ဝင်မျိုးနွယ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ ဘဏ်လုပ်ငန်းရှင်တွေနဲ့ နိုင်ငံရေးသမားတွေပါဝင်တဲ့ ကမ္ဘာလုံးဆိုင်ရာ လျှို့ဝှက်ပါဝါ ပွဲစားအဖွဲ့ရဲ့ အစည်းအဝေးကို ဒီကနေ့ အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၊ ချန်တီလီဒေသမှာ ပြုလုပ်နေပြီဖြစ်ပါတယ်။

လေးရက်ကြာမြင့်မယ့် အဆိုပါတံခါးပိတ်ဆွေးနွေးပွဲကို ဟင်နရီကစ်ဆင်ဂျာလို ပုဂ္ဂိုလ်မျိုးကနေ စပြီး နေတိုးအတွင်းရေးမှူး ဂျင်း စတိုတန်ဘတ်ဂ်၊ လူ့အခွင့်အရေးသမား ဗာနွန်ဂျော်ဒန်အပါအ၀င် ထိပ်သီးပုဂ္ဂိုလ်ပေါင်း ၁၃၁ ဦးက ကြီးမားတဲ့ ဆက်နွယ်ပတ်သက်မှုတွေ၊ ဥရောပသမဂ္ဂရဲ့အနာဂါတ်နဲ့ ထရန့်အစိုးရအဖွဲ့ရဲ့ သက်ရောက်မှု မှတ်တမ်းတင်ချက်တွေအကြောင်း ဆွေးနွေးကြမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါအဖွဲ့ကြီးကို ဘိုက်ဒါဘတ်ဂ်လို့ အမည်ပေးထားပြီး ၁၉၅၄ ခုနှစ်ကတည်းက စပြီး နှစ်စဉ်ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဓိကအားဖြင့် မြောက်အမေရိကနဲ့ ဥရောပကြား အပြန်အလှန် ဆွေးနွေးမှုအတွက် တရားဝင်မဟုတ်တဲ့ စည်းဝေးမှုတစ်ခုဖြစ်ပါတယ်။

အဲဒီအစည်းအဝေး ကျင်းပတဲ့ဒေသမှာ ဂလိုဘဲလ်လိုက်ဇေးရှင်း ဆန့်ကျင်ရေးသမားတွေက ဆန္ဒပြနေတာကိုလည်း တွေ့ရပါတယ်။
အဆိုပါအဖွဲ့ကြီးရဲ့ လျှို့ဝှက်တဲ့သဘာဝကြောင့် ၀ိရောဓိသီအိုရီတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

အချို့ကလည်း ဘိုက်ဒါဘတ်ဂ်အဖွဲ့ ဟာ ချမ်းသာကြွယ်ဝကြီး သူတို့စိတ်ကြိုတ်လူကို ဆွဲတင်ဖို့ကြိုးစားနေကြတဲ့ ဘုရင်ဖန်တီးသူ (Kingmakers) တွေဖြစ်နေ ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ တစ်ခုတည်းသော အစိုးရတစ်ရပ်ကို ဖန်တီးနိုင်ဖို့ လုပ်ဆောင်နေကြကြောင်း သတိပေးပြောဆိုခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)