ကဘူးလ်မြို့ ဗုံးကွဲမှု ၉၀ ခန့်သေ၊ ၃၅၀ ဒဏ်ရာရ

0
312

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်၊ ကဘူးလ်မြို့ သံတမန်ရပ်ကွက်နဲ့ စစ်အခြေစိုက် စခန်းအနီး မနေ့က မေလ ၃၁ ရက်နေ့ ဗုံးပေါက်ကွဲမှုကြီးမှာ ၉၀ ခန့် သေဆုံးပြီး ၃၅၀ ကျော် ဒဏ်ရာ ရရှိသွားပါတယ်။

ပေါက်ကွဲမှုဟာ ဂျာမန်သံရုံး၊ သြစတြေးလျသံရုံးတို့နဲ့ ပိုနီးပါတယ်။ အာဖဂန်နစ္စတန် အမျိုးသား လုံခြုံရေးအဖွဲ့ကတော့ ဒီဗုံးပေါက်ကွဲမှုဟာ ပါကစ္စတန်ရှိ ISI အဖွဲ့ရဲ့ ကူညီမှုနဲ့ ဟက်ကာနီ ကွန်ရက်ရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောပါတယ်။

သေဆုံးမှု များပြားတဲ့ ဒီဗုံးပေါက်ကွဲမှုဟာ အာဖဂန် အစိုးရ၊ စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းတွေ အပေါ် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ပိုမိုမြင့်တက်လာနေတယ် ဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)