မော်စကို -ဘန်ကောက် လေယာဉ်ခရီးစဉ်မှာ အနည်းဆုံး လူ၂၇ ဦး ဒဏ်ရာရ

0
258

ဘန်ကောက်နဲ့ မော်စကိုကို ပြေးဆွဲနေတဲ့  ရုရှား Aeroflot လေကြောင်း လိုင်းပိုင် ဘိုးရင်း ၇၇၇  ဟာ ဒီကနေ့ မေ့လ ၁ ရက်နေ့မှာ  ပြင်းထန်စွာတိုက်ခတ်ခဲ့တဲ့လေကြောင့် လေယာဉ်ပေါ်ပါလာခဲ့တဲ့ ခရီးသည် ၂၇ ဦးထိခိုက်ဒဏ်ရာ များစွာရရှိခဲ့တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် ရုရှားသံရုံးက ထုတ်ပြန်လိုက်ပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ၂၇ ဦးမှာ ၂၄ ဦးက ရုရှားနိုင်ငံသားတွေဖြစ်ပြီး ကျန် ၃ ဦး  က  ထိုင်းနိုင်ငံသားတွေဖြစ်ကြပါတယ်။    

လက်ရှိအခြေအနေမှာ ဒဏ်ရာရရှိခဲ့တဲ့ သူတွေကို ဘန်ကောက်ြ မို့က    ဆေးရုံကို  ပို့ဆောင်ပေး ထားကြောင်းနဲ့ သူတို့ဟာ ထိုင်းနိုင်ငံလေ ဆိပ်ကို မရောက်ခင် ဆင်းသက်ဖို့ကြိုးစားချိန်မှာ မိနစ်လေးဆယ်လောက် လေပြင်းပြင်းထန်ထန် တိုက်တဲ့ဒဏ်ကို ခံစားခဲ့ တယ်လို့ ရှရှားလေကြောင်းလိုင်းရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလို ပြင်းထန်စွာ တိုက်ခတ် တဲ့လေဟာ  ရှင်းလင်းနေတဲ့  ကြည်လင်ကောင်းကင်ပြင်မှာဖြစ်ပွားခဲ့ပြီးလေယာဉ် လှုပ်ရမ်းသွားကာ ခရီးသည် တွေကို တောင်  ကျရောက်ခဲ့ရတဲ့အန္တရာယ်အတွက်  သတိပေးနိုင်ခဲ့ခြင်း မရှိဘူးလို့ ပြောပါတယ်။

ဒီလို ဒဏ်ရာ ရရှိခဲ့ကြတဲ့ အကြောင်းကတော့ ခရီးသည်တစ်ချို့ဟာ လေယာဉ်ပေါ်လိုက်ပါလာစဉ်အတွင်း ထိုင်ခုံခါး ပတ် ပတ်မထားခဲ့ကြတဲ့ အတွက် လေတိုက်တဲ့အရှိန်ကြောင့် အရိုးကျိုးပြီးထိခိုက် ဒဏ်ရာ ရရှိခဲ့တာ ပဲဖြစ်ပါတယ်။

 Aeroflot ရုရှားလေကြောင်းလိုင်း ဟာ မော်စကို ကနေ ဘန်ကောက်ကို တစ်နေ့ နှစ်ကြိမ် ပြေးဆွဲနေတာဖြစ်ပြီး ထိုင်းနိုင်ငံက ကမ်းခြေတွေဟာ ရုရှား နိုင်ငံသားခရီးသွားတွေ အများအပြားလာရောက် လည်ပတ်တဲ့ နေရာ တစ်ခုဖြစ် ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)