ဆီးရီးယားရှိ ဗြိတိသျှ IS ၃၀၀ ခန့် UK ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေ

0
281

IS အစွန်းရောက် အကြမ်းဖက်အဖွဲ့မှာ ဗြိတိသျှတွေဟာ အရေးပါတဲ့ ရာထူးတွေ ရယူထားပြီး ဗြိတိသျှ ဂျီဟတ်စစ်သွေးကြွ ၃၀၀ ခန့်ဟာ UK ကို တိုက်ခိုက်ဖို့ ကြံစည်နေတယ်လို့ IS လက်နက်ချ တစ်ဦးက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

IS လက်နက်ချ တစ်ဦးကတော့ ဗြိတိန်နိုင်ငံ၊ အန်းဖီးလ်ဒ်မှာ နေထိုင်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် စတီဖန် အရစ္စတီဒို (Stefam Aristidou) ဖြစ်ပြီး ၂၀၁၅ မှာ IS အဖွဲ့ထဲ ဝင်ခဲ့တာ ဖြစ်ပါတယ်။ ဗြိတိသျှ IS ၂၅၀ ကနေ ၃၀၀ ကြားဟာ UK ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ သူက ထုတ်ဖော် ဝန်ခံတာ ဖြစ်ပါတယ်။

ယခင် သီတင်းပတ်အတွင်း အကြမ်းဖက်မှု နှိမ်နင်းရေး ရဲတွေရဲ့ စီးနင်း ဖမ်းဆီးမှုအရ ဝယ်လက်စဒန်မှာ လူ ၆ ဦးကို ဖမ်းမိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)