“အိန္ဒိယမှာ အိမ်တွင်းအကြမ်းဖက်မှုကာကွယ်ဖို့ သတို့သမီးကို တင်းပုတ်လက်ဖွဲ့”

0
302

အိန္ဒိယနိုင်ငံမှာ အများအပြားစုပေါင်းပြီး လက်ထပ်ပွဲကျင်းပမှုတစ်ခုမှာ သတို့သမီးတွေကို တင်းပုတ်တစ်ခု လက်ဖွဲ့ခဲ့ပြီး တကယ် လို့ အိမ်တွင်းအကြမ်းဖက်မှုတွေ ခင်ပွန်းဖြစ်သူက လုပ်လာခဲ့မယ်ဆိုရင် အဲဒီတင်းပုတ်ကို သုံးပြီးကာကွယ်ကြလို့ တိုက်တွန်း ပြော ဆိုခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါတင်းပုတ်ပေါ်မှာ အရက်သမားရန်ကာကွယ်ဖို့ သုံးပါလို့ ရေးထားတယ်လို့ဆိုပါတယ်။ တင်းပုတ်အရွယ်အစားက ၁၅လက် မဖြစ်ပြီး ပုံမှန်အားဖြင့် အဲဒီတင်းပုတ်တွေကို အ၀တ်လျော်တဲ့နေရာမှာ အသုံးပြုတာဖြစ်ပါတယ်။

တကယ်တော့ အိမ်တွင်းအကြမ်းဖက်မှု ပြဿနာတွေကို လူအများသတိထားမိစေဖို့ အခုလို ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း လက် ထပ်ပွဲကျင်းပခဲ့တဲ့ မက်ဟာပရာဒက်ရှ်ပြည်နယ်ဝန်ကြီး ဂိုပဲလ်ဘဂါဝါက ပြောဆိုခဲ့ပါတယ်။

တင်းပုတ်နဲ့ ထုရိုက်မှုမလုပ်ခင်မှာ ကိုယ့်ရဲ့ခင်ပွန်းကို အကျိုးအကြောင်းနဲ့ ပြောဆိုကြည့်ပါဦးလို့တော့ ၀န်ကြီးက သတို့သမီးတွေ ကို ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ကျိုးကြောင်းဆီလျော်တဲ့စကားကို နားမထောင်ခဲ့ရင်တော့ တင်းပုတ်နဲ့သာ ထုရိုက်လိုက်ကြတော့လို့ ၀န်ကြီးက ဆက် လက်ပြောကြားခဲ့ပါတယ်။ ၀န်ကြီးက အဆိုပါတင်းပုတ်ပေါင်း ၁သောင်း မှာယူထားကြောင်းလည်း သိရှိရပါတယ်။

သတို့သမီးဘက်က တင်တောင်းရတဲ့ဓလေ့ထုံးစံရှိတဲ့ အိန္ဒိယနိုင်ငံမှာ ပိုက်ဆံချို့တဲ့သူ သတို့သမီးတွေကို စုပေါင်းပြီး အဲဒီလို စု ပေါင်းလက်ထပ်ပွဲတွေ ပြုလုပ်ပေးတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)