“မာလီတောအုပ်အတွင်းက စစ်သွေးကြွတွေကို ပြင်သစ်စစ်တပ်သတ်ဖြတ်”

0
260

အာဖရိကအနောက်ပိုင်းဒေသရှိ ဘူကီနာဖာဆိုနယ်စပ်၊ မာလီနိုင်ငံရဲ့တောအုပ်အတွင်းမှာ အစ္စလာမ်မစ်စစ်သွေးကြွ ၂၀ကျော်ကို မိမိ တို့ တပ်ဖွဲ့တွေက သတ်ဖြတ်မှု ဒါမှမဟုတ် ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ကြောင်း ပြင်သစ်နိုင်ငံက ပြောကြားပါတယ်။

ဘယ်စစ်သွေးကြွအုပ်စုဖြစ်တယ်ဆိုတာကို အသေးစိတ်မဖော်ပြခဲ့တဲ့ အဆိုပါတိုက်ခိုက်မှုမှာ ပြင်သစ်စစ်တပ်ဟာ မြေပြင်ကြည်း တပ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရပါတယ်။

အခုလအစောပိုင်းက ပြင်သစ်စစ်သားတစ်ဦး အဆိုပါဒေသမှာ သတ်ဖြတ်ခံခဲ့ရပါတယ်။

မြောက်ပိုင်းမြို့တွေကနေ မောင်းထုတ်နိုင်ဖို့ ပြင်သစ်စစ်တပ်တွေက ၂၀၁၃ခုနှစ်က စတင်ကြိုးပမ်းခဲ့ပေမယ့်လည်း မာလီနိုင်ငံမှာ အစ္စလာမ်မစ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို ခံစားနေရဆဲဖြစ်ပါတယ်။

မာလီနိုင်ငံ၊ ဂါအိုပြည်နယ်အနောက်တောင်ပိုင်းက ဖောလ်ဆေးတောအုပ်ကို ပစ်မှတ်ထားပြီး စစ်ဆင်ရေးပြုလုပ်ခဲ့တာဖြစ်ကြောင်း  ပြင်သစ်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ပါတယ်။

မာလီအမျိုးသားညီလာခံက နိုင်ငံရဲ့အရေးပေါ်အခြေအနေကြေငြာချက်ကို၆လထပ်တိုးပြီး မငြိမ်သက်မှုတွေကို ထိန်းနိုင်ဖို့ကြိုးစား နေပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘူကီနာဖာဆိုမှာလည်း အဓိကရုဏ်းဖြစ်စဉ်တွေ တိုးပွားလာနေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်းဘူကီနာဖာဆိုနဲ့ မာလီနယ်စပ်မှာ အစ္စလာမ်မစ် အကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုကြောင့်  မာလီစစ်သား ၁၂ဦး သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီလအတွင်းမှာ မာလီမြို့တော် ကွာဂါဒူဂူက ဟိုတယ်တစ်လုံးကို တိုက်ခိုက်မှုကြောင့် နိုင်ငံခြားသားအများစုအပါ အ၀င် ၂၉ဦး သေဆုံးခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)