“အမေရိကန်စပိုင်ဆန်ဒီဖန်ဂီလစ်ကို တရုတ်နိုင်ငံပြည်နှင်ဒဏ်ပေး”

0
286

အမေရိကန်စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦးကို အမေရိကန်အစိုးရအတွက်စပိုင်လုပ်ကြောင်း တရုတ်တရားရုံးတစ်ခုက ဆုံးဖြတ်ပြီး ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရှိရပါတယ်။

ပြည်နှင်ဒဏ်အပေးခံရတဲ့အဆိုပါအမျိုးသမီးဟာ လက်ရှိအချိန်မှာ အ မေရိကန်နိုင်ငံကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။

အဆိုပါအမျိုးသမီးဆန်ဒီဖန်ဂီလစ်ကို တရုတ်တရားရုံးက ထောင်ဒဏ်သုံးနှစ်ခွဲချမှတ်ခဲ့ပေမယ့် ပြစ်ဒဏ်မခံစားရဘဲ ပြည်နှင်ဒဏ် အနေနဲ့ တိုင်းပြည်ထဲက နှင်ထုတ်ခဲ့တာဖြစ်ပါတယ်။

အမှုရင်ဆိုင်နေဆဲကာလအတွင်း မစ္စဆန်ဒီဟာ တရုတ်နိုင်ငံမှာ ထောင်ဒဏ်နှစ်နှစ်ကျော်ခန့် ဖမ်းဆီးချုပ်နှောင်ခံရပြီး ဖြစ်ပါတယ်။  မစ္စဆန်ဒီဟာ တရုတ်လူမျိုးဖြစ်ပေမယ့် ဗီယက်နမ်နိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။

သူမကို ၂၀၁၅ခုနှစ်၊ မတ်လအတွင်းက တရုတ်နိုင်ငံအတွင်းမှာ အမေရိကန်၊တက္ကဆပ်ပြည်နယ်က စီးပွားရေးသံအဖွဲ့နဲ့အတူ လိုက်ပါလာချိန်မှာ တရုတ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ်။

၁၉၉၆ခုနှစ်မှာ စပိုင်စစ်ဆင်ရေးတွေအနေနဲ့ တရုတ်နိုင်ငံတွင်းကို နှစ်ကြိမ်ဝင်ရောက်ခဲ့တယ်လို့ တရုတ်ာဏာပိုင်တွေက စွပ်စွဲခဲ့ ကြောင်း မစ္စဆန်ဒီရဲ့ခင်ပွန်း မစ္စတာဂီလစ်က ပြောဆိုခဲ့ပါတယ်။

အဆိုပါစွပ်စွဲချက်တွေဟာ အင်မတန်မှ ရယ်စရာဖြစ်နေပြီး သူ့ရဲ့ ဇနီးသည်ဟာ ၁၉၉၆ခုနှစ်အတွင်း တရုတ်နိုင်ငံကို လုံးဝမသွားခဲ့ကြောင်း နိုင်ငံကူးလက်မှတ်ကိုကြည့်ရင် သိနိုင်ပါတယ်လို့လည်း မစ္စတာဂီလစ်က ဆက်လက်ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)