“ကိုရီးယားကျွန်းဆွယ်တင်းမာမှုလျော့ချရေး နိုင်ငံတကာဝိုင်းဝန်းစဉ်းစားဖို့ ပုတ်ရဟန်းမင်းကြီးတိုက်တွန်း”

0
304

မြောက်ကိုရီးယားအစိုးရရဲ့ နူကလီယားလက်နက်စမ်းသပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အမေရိကန်-မြောက်ကိုရီးယားတင်းမာမှုကို  လျော့ချဖို့အတွက် နိုင်ငံတကာအစိုးရတွေအနေနဲ့ ၀ိုင်းဝန်းစဉ်းစားကြဖို့ ပုတ်ရဟန်းမင်းကြီးဖရန်စ္စစ်က တိုက်တွန်းပြောဆိုလိုက်ပါ တယ်။

ပုတ်ရဟန်းမင်းကြီးက ဥပမာ-နော်ဝေးနိုင်ငံအနေနဲ့ဆိုရင် ကူညီပေးဖို့အသင့်ရှိနေကြောင်း ပြောဆိုသွားခဲ့ပါတယ်။

လူမှုအသိုင်းအ၀ိုင်းရဲ့ကောင်းမွန်တဲ့အစိတ်အပိုင်းကို အကြီးအကျယ်ထိခိုက်ပျက်စီးစေမယ့် စစ်ပွဲအဖြစ် အခုပဋိပက္ခက ပြောင်းလဲ သွားနိုင်ကြောင်း ပုတ်ရဟန်းမင်းကြီး ဖရန့်စ္စစ်က သတိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။

ပစ်လွှတ်ပြီး မကြာခင်မှာ ပေါက်ကွဲသွာဲး့တယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်က ပြောဆိုခဲ့တဲ့ မြောက်ကိုရီးယားရဲ့ဒုံးကျည်ပစ် ခတ်မှုအပြီး နာရီပိုင်းအကြာမှာ ပုတ်ရဟန်းမင်းကြီးက အခုလိုသတိပေးပြောဆိုခဲ့တာပါ။

မနေ့ကနံနက်အစောပိုင်းမှာ ပြုံယမ်းမြို့မြောက်ပိုင်း၊ ပြုံဂန်ပြည်နယ်တောင်ပိုင်းဆိုက်ဒ်တစ်ခုကနေ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယားက ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်အမျိုးအစားကိုတော့ မသိရှိရသေးပါဘူး။

“ ဒီနေ့ပစ်ခတ်တဲ့ ဒုံးကျည်ဟာ မအောင်မြင်ခဲ့ပေမယ့် တရုတ်နိုင်ငံနဲ့ နိုင်ငံကအင်မတန်လေးစားရတဲ့ သမ္မတကြီးရဲ့ဖြစ်စေချင်တဲ့ စိတ်ဆန္ဒကို အင်မတန်မလေးမစားလုပ်လိုက်တာဖြစ်ပြီး အတော်ကိုဆိုးရွားပါတယ်” လို့ အမေရိကန်သမ္မတဒေါ်နယ်လ်ထရန့်က  တွစ်တာမှာ ရေးသားခဲ့ပါတယ်။

တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံစလုံးက စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေပြီး ဒေသတွင်းတင်းမာမှုတွေက မြင့်တက်လာနေပါ တယ်။ အမေရိကန်နိုင်ငံကတော့ လိုအပ်ခဲ့ရင် စစ်အင်အားကို အသုံးပြုသွားမှာဖြစ်ကြောင်း ကုလသမဂ္ဂမှာ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးရီဇ်တီလာဆန်က ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)