တရုတ်ပြည် အလယ်ပိုင်းမှာ စိတ်ကြွဆေး ၂၅ ကီလို ဖမ်းဆီးရရှိ

0
297

တရုတ်ပြည်အလယ်ပိုင်း ဟူနန်ပြည်နယ်မှာ ပြီးခဲ့တဲ့ သောကြာနေ့က  စိတ်ကြွဆေး (အိုက်စ်) ၂၅ ကီလို ကို တရုတ်ရဲဌာနက သိမ်းဆည်း ရရှိခဲ့ပါတယ်။

အဲ့ဒီ  စိတ်ကြွဆေးတွေနဲ့ အတူ  တရားခံ ၁၈ ဦးကိုပါ ဖမ်းဆီးရမိခဲ့တာပါ။  မူးယစ်ဆေး တိုက်ဖျက်ရေး စစ်ဆင်မှုအတွင်း ယွမ်ငွေ ၆ သောင်း ၈ ထောင် ကျော် တန်ဖိုးရှိ မူးယစ်ဆေးတွေ နဲ့အတူ  ပစ္စတို သေနတ်တစ်လက်ကိုပါ   ဂွမ်းဒေါင်းပြည်နယ်က  ရဲတပ်ဖွဲ့ဝင်တွေ နဲ့ ဟူနန်ပြည်နယ် တွေပူးပေါင်း ဖမ်းဆီး ရရှိခဲ့တာပါ။

အဲ့ဒီမူးယစ်ဆေး တိုက်ဖျက်ရေး စစ်ဆင်ရေးကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ ကစတင်ခဲ့တာဖြစ်ပြီး  စစ်ဆင်ရေးအတွင်းမှာ ဂွမ်ဒေါင်းနဲ့ ဟူနန် ပြည်နယ်ကြားမှာ မူးယစ်ဆေးဝါး ရောင်းချနေတဲ့  ဂိုဏ်းတစ်ဂိုဏ်းကို ခြေရာခံနိုင်ခဲ့ပါတယ်။ အဲ့ဒီ ဂိုဏ်းရဲ့ သွားလာလှုပ်ရှားမှုတွေကို ခြေရာခံနိုင်ခဲ့တာကြောင့် အခုလို ဖမ်းဆီးနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)