အမေရိကန် Rap အဆိုတော် အမ်မနင်က နယူဇီလန် ကို တရားစွဲ

0
237

အမေရိကန် Rap အဆိုတော် အမ်မနင်က နယူးဇီလန် အာဏာရပါတီဖြစ်တဲ့ နေရှင်နယ် ပါတီကို သူ့သီချင်းတစ်ပုဒ်ကို ခိုးယူမှုနဲ့ တရားစွဲလိုက်ပါတယ်။

၂၀၀၂ ခုနှစ်တုန်းက 8 Mile ဆိုတဲ့ ရုပ်ရှင်မှာ ထည့်သွင်းသီဆိုထားတဲ့ Lose Yourself သီချင်းကို မဲပေးသူတွေကို ဖျော်ဖြေရာမှာ နေရှင်နယ်ပါတီက ခွင့်ပြုချက် မတောင်းဘဲ သုံးခဲ့လို့ ဖြစ်ပါတယ်။

နေရှင်နယ်ပါတီက ၂၀၁၄ ရွေးကောက်ပွဲ ရုပ်သံဖျော်ဖြေမှုမှာ အမ်မနင်က ထုတ်ဝေသူအဖြစ် မူပိုင်ခွင့်ရှိထားတဲ့ 8 Mile ကို မူပိုင်ခွင့် ချိုးဖောက်တာ ဖြစ်တယ်လို့ ရှေ့နေ ဂါရီ ဝီလျံက ပြောပါတယ်။

အသက် ၄၄ နှစ်အရွယ် အမည်ရင်း မာရှယ် မေသာ ဖြစ်တဲ့ အမ်မနင်ဟာ အဲဒီ Lose Yourself သီချင်းနဲ့ အကယ်ဒီမီဆုတစ်ခု၊ ဂရမ်မီဆု နှစ်ခု ရရှိထားသူ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)