နွားခိုးယူတဲ့ မွတ်စလင် ၂ ဦးကို ဟိန္ဒူတွေက ရိုက်သတ်မှု အိန္ဒိယမှာ ဖြစ်ပွား

0
283

သတ်ဖြတ်ဖို့အတွက် နွားတွေကို ခိုးယူတယ်လို့ စွပ်စွဲခံရတဲ့ မွတ်စလင် ၂ ဦးကို လူထုက သေဆုံးအထိ ရိုက်နှက်မှု အိန္ဒိယမှာ ဖြစ်ပွားပြီး သဘောထား တင်းမာတဲ့ ဟိန္ဒူတွေကို ပြစ်တင်မှုတွေ ပေါ်ထွက်နေပါတယ်။

မနေ့က ဧပြီ ၃၀ ရက်နေ့က အာသံပြည်နယ်ရှိ ရွာတစ်ရွာမှာ နွားခိုးသူတွေကို အဲဒီလို သေဆုံးအောင် ရိုက်နှက်မှု ဖြစ်ပွားခဲ့တာပါ။ နွားတွေ ခိုးယူဖို့ ကြံတယ်လို့ စွပ်စွဲပြီး မွတ်စလင် လူငယ် ၂ ဦးကို လူ ၂၀ လောက်က တုတ်နဲ့ ရိုက်နှက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ ရောက်ရှိချိန်မှာတော့ အရိုက်ခံရတဲ့ ၂ ယောက်ဟာ အခြေအနေ အလွန်ဆိုးဝါးနေပြီး ရုပ်သံတစ်ခုက ပြသတဲ့ ပုံမှာတော့ အရိုက်ခံရတဲ့ ၂ ဦးဟာ ကြိုးလည်း အတုပ်ခံထားရပါတယ်။

သေဆုံးသူ တစ်ဦးရဲ့ မိဘတွေကတော့ ရဲကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားပြီး အခုထိတော့ တစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးထားခြင်း မရှိသေးပါဘူး။

ဟိန္ဒူတွေရဲ့ အယူမှာ နွားကို အထွဋ်အမြတ် ထားတာမို့ နွားတွေကို မသတ်ဖို့ ဟိန္ဒူ တချို့က တောင်းဆိုမှုတွေ ရှိနေပါတယ်။ ဟိန္ဒူအမျိုးသားရေး ဝါဒီ ဘာရတိယ ဂျနာတာ ပါတီက နရိန်ဒရာ မိုဒီ ၂၀၁၄ ခုနှစ်မှာ ဝန်ကြီးချုပ် ဖြစ်လာကတည်းက အဲဒီလို တောင်းဆိုမှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)