လူမှုကွန်ရက် မီဒီယာတွေ အစွန်းရောက် ဝါဒဖြန့်မှုတွေ မထိန်းချုပ်နိုင်တာ အပြစ်တင်ခံရ

0
302

လူမှုကွန်ရက် မီဒီယာတွေမှာ အစွန်းရောက် ဝါဒဖြန့်မှုတွေ ရေးသားတာ၊ အမုန်းစကား ဖြန့်ချိတာတွေကို ထိန်းချုပ်ဖို့ ပျက်ကွက်တဲ့အတွက် ရှက်စရာကောင်းတယ်လို့ ဗြိတိန် ပြည်ထဲရေး ရွေးကောက်ခံ ကော်မတီက ဝေဖန်ပြစ်တင်လိုက်ပါတယ်။

ဗြိတိန်လွှတ်တော် အမတ်တွေပါဝင်တဲ့ အဲဒီကော်မတီရဲ့ ထုတ်ပြန်ချက် အစီရင်ခံစာမှာ ဂူဂယ်၊ ဖေ့စ်ဘုတ်နဲ့ တွစ်တာ လူမှုကွန်ရက် မီဒီယာတွေကို ပြင်းပြင်းထန်ထန် ဝေဖန်စွပ်စွဲထားပါတယ်။ အွန်လိုင်းမှာ လူထုလုံခြုံရေးထက် အကျိုးအမြတ် ကာကွယ်ဖို့ကိုပဲ လုံးပမ်းနေတယ်လို့လည်း ထောက်ပြထားပါတယ်။

လူမှုကွန်ရက် မီဒီယာ ပေါ်လစီရေးဆွဲမှု ကုန်ကျစရိတ်တွေကို အဲဒီကုမ္ပဏီတွေက ကျခံရမယ်၊ ပေါင် သန်းနဲ့ချီပြီး ငွေဒဏ်တပ်တာမျိုးတွေ အစိုးရက လုပ်ဆောင်ရမယ်လို့ ပြည်ထဲရေး ရွေးကောက်ခံ ကော်မတီက တိုက်တွန်းထားပါတယ်။

လူမှုကွန်ရက် မီဒီယာတွေဟာ ဥပဒေနဲ့ ငြိစွန်းတဲ့ အကြောင်းအရာတွေကို ဖြုတ်ခိုင်းတာတွေကိုလည်း လိုက်နာမှု မရှိဘူး၊ အန္တရာယ်ရှိတဲ့ အကြမ်းဖက်သမား စုဆောင်းမှု၊ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ လူမျိုးရေး ခွဲခြားတဲ့ အမုန်းစကားတွေကိုလည်း သူတို့ ကွန်ရက်တွေကနေ ဖယ်ရှားဖို့ ပျက်ကွက်တာ တွေ့ရတယ်လို့ ကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)