စပိန်လေယာဉ် ပျက်ကျမှု သုံးဦးသေဆုံး

0
244

စပိန်နိုင်ငံတောင်ပိုင်း မာလဂါမြို့ရဲ့ အရှေ့မြောက်ဘက်မှာ ဧပြီလ ၂၉ ရက်နေ့က လေယာဉ်ငယ် တစ်စီးပျက် ကျခဲ့တာပါ။

အဲ့ဒီလိုပျက်ကျမှုကြောင့်  လူသုံးဦး  သေဆုံးခဲ့တယ်လို့ မာလဂါဒေသဆိုင်ရာအစိုးရဌာန ကထုတ် ပြန်ထားခဲ့ပါတယ်။

ပျက်ကျသေဆုံးခဲ့သူ လူ သုံးဦးရဲ့အလောင်းတွေကို ယူဆောင်ဖို့ စပိန်အရေးပေါ် ကယ်ဆယ် ရေးဌာန က ရဟတ်ယာဉ်အသုံးပြုပြီး ကူညီခဲ့ကျပါတယ်။

သေဆုံးခဲ့သူတွေက ဘယ်သူတွေ ဖြစ်တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေခဲ့ သူတို့ဟာ ဂျာမနီနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားတာဖြစ်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ပြောပါတယ်။

အခုလို   မတော်တဆ ဖြစ်မှုအတွက် သက်ဆိုင်ရာ ဌာနတွေ ကဆက်လက်စုံစမ်းလျှက်ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)