ဆန်ဒီယေဂို ပစ်ခတ်မှု ၂ ဦးသေ၊ ၆ ဦး ဒဏ်ရာရ

0
272

အမေရိကန်နိုင်ငံ၊ ဆန်ဒီယေဂိုမြို့၊ ကယ်လီဖိုးနီးယား တက္ကသိုလ်အနီး တိုက်ခန်းတစ်ခုမှာ ကျင်းပတဲ့ ပါတီမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး အခင်းဖြစ်ရာမှာ သေဆုံးပြီး ၆ ဦး ဒဏ်ရာရသွားပါတယ်။

အသက် ၄၉ နှစ်ရွယ် သေနတ်သမားကိုလည်း ရဲအရာရှိတွေက ပစ်သတ်လိုက်တဲ့အတွက် ပစ်ခတ်မှုအတွင်း ၂ ဦးသေတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရေကူးကန်မှာ လူတစ်ယောက်က သေနတ်နဲ့ ပစ်ခတ်နေတယ်လို့ ရဲဌာနကို အကြောင်းကြားခဲ့ကြောင်း ဆန်ဒီယေဂို ရဲအကြီးအကဲက ပြောပါတယ်။

အခင်းဖြစ်နေရာကို ရဟတ်ယာဉ် ရောက်သွားချိန်မှာ ရေကူးကန် အနီးမှာ သံသယရှိသူကို တွေ့ရပြီး ကျည်ဖြည့်နေချိန် ဖြစ်တယ်လို့ ဆန်ဒီယေဂို ရဲအကြီးအကဲ ရှယ်လီ ဇင်မာမန်းက ပြောပါတယ်။

သေနတ်သမားက သေနတ်နဲ့ ချိန်တဲ့အတွက် ရဲအရာရှိ ၃ ဦးကနေ ပစ်သတ်လိုက်တာ ဖြစ်ပါတယ်။ လူမည်းအမျိုးသမီး ၄ ဦး၊ လူမည်း အမျိုးသား ၂ ဦးနဲ့ ဟစ္စပန်းနစ်လူမျိုး ၁ ဦး သေနတ်ဒဏ်ရာနဲ့ ဆေးရုံကို ပို့ထားရပြီး အမျိုးသမီး ၁ ဦးကတော့ အခင်းဖြစ်ရာမှာပဲ သေဆုံးခဲ့ကြောင်း မစ္စ ဇင်မာမန်းက ပြောပါတယ်။

သံသယရှိသူ နာမည်ကတော့ ပီတာ ဆဲလ်လစ်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)