“နာမည်ကျော် ဆွစ်ဇာလန်တောင်တက်သမား ဧ၀ရတ်မှာသေဆုံး”

0
231

တောင်တက်စက်ကြီးလို့ နာမည်ကျော်ခဲ့တဲ့ ဆွစ်ဇာလန်တောင်တက်သမားယူလီစတက်ခ်ဟာ ဧ၀ရတ်ကတောင်ကို တက်ရောက် ဖို့ ပြင်ဆင်ရင်း မတော်တဆမှုတစ်ခုမှာ သေဆုံးခဲ့ရကြောင်း နီပေါအာဏာပိုင်တွေက ပြောပါတယ်။

တောင်တက်သမားယူလီစတက်ခ်ဟာ အောက်စီဂျင်အကူအညီမပါဘဲဧ၀ရတ်တောင်ကိုလမ်းကြောင်း အသစ်ကနေ တက်ရောက် ဖို့ ပြင်ဆင်ချိန်မှာ မတော်တဆဖြစ်ပြီး အခုလိုသေဆုံးခဲ့ရတာဖြစ်ပါတယ်။

ယူလီစတက်ခ်ဟာ အမြင့်ပိုင်းမှာ သူ့ရဲ့ဇီဝကမ္မဖြစ်စဉ်တွေ ကျင့်သားရအောင် ပြင်ဆင်လေ့ကျင့်ရင်း မတော်တဆဖြစ်ခဲ့ရတာဖြစ်ပါ တယ်။

ယူလီစတက်ခ်ဟာ တောင်တက်အားကစားနဲ့ ပတ်သက်ပြီး ဆုတံဆိပ်ပေါင်းများစွာရရှိခဲ့ပြီး တက်ရောက်မှုအင်မတန်မြန်ဆန်တာ ကြောင့် နာမည်ကျော်သူတစ်ဦးလည်း ဖြစ်ပါတယ်။

အသက် ၄၀အရွယ် တောင်တက်သမား ယူလီစတက်ခ်ရဲ့အလောင်းကိုဧ၀ရတ်နဲ့တောင်တန်းချင်းဆက်နွယ်နေတဲ့ နူပ်စတီတောင် ပေါ်မှာ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ယူလီစတက်ခ်ဟာ ဧ၀ရတ်တောင်တက်လမ်းကြောင်းတွေထဲမှာ သေကြေမှုများတဲ့ အနောက် ဘက်လမ်းကြောင်းကနေ တက်ဖို့ကြိုးစားပြင်ဆင်ရင်း နူပ်စတီတောင်နံရံနဲ့ ထိခိုက်မိပြီး သေဆုံးခဲ့ရတာဖြစ်ပါတယ်။

သေဆုံးခဲ့ရတဲ့တောင်တက်သမား ယူလီစတက်ခ်ရဲ့အဖော်ဖြစ်သူဟာ နှင်းကိုက်တဲ့ဒဏ်ရာကြောင့် ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူ တစ်ဦးတည်း ရှိနေခဲ့တယ်လို့ ယူဆရပါတယ်။ ယူလီစတက်ခ်ရဲ့ အလောင်းကို နီပေါမြို့တော် ခတ္တမန်ဒူက ဆေးရုံကို ပို့ဆောင်ခဲ့ တယ်လို့ သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)