COVID-19 ကြောင့် စီးပွားကျဆင်းလို့ ဂျာမန် ပြည်နယ်ဝန်ကြီး အဆုံးစီရင်သွား

0
287

ဂျာမနီနိုင်ငံ၊ ဟက်ဆီပြည်နယ်ရဲ့ ဘဏ္ဍာရေးဝန်ကြီး သောမတ် ရှေဖာဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေး ကျဆင်းမယ့်အရေးကို အလွန်အမင်း စိတ်ပူပန်ခဲ့ပြီးနောက် သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်လို့ ပြည်နယ် ဝန်ကြီးချုပ် ဗော်လ်ကာ ဘော်ဖီယာက မတ်လ ၃၀ ရက်နေ့မှာ ပြောပါတယ်။

မစ္စတာ ရှေဖာ (၅၄ နှစ်) ကို မတ်လ ၂၉ ရက်နေ့က ရထားလမ်းအနီးမှာ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာပါ။ ဝေဘာဒင် ရှေ့နေရုံးကတော့ ပြည်နယ်ဝန်ကြီးဟာ အဆုံးစီရင်သွားတယ်လို့ ယုံကြည်ရကြောင်း ပြောပါတယ်။ သူတို့အားလုံး တုန်လှုပ်ခဲ့ရကြောင်း ဟက်ဆီ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

ရဲနဲ့ ရှေ့နေတွေက မျက်မြင်သက်သေတွေ၊ အခင်ဖြစ်ပွားရာ နေရာက အထောက်အထားတွေ ထောက်ရှုပြီး မစ္စတာ ရှေဖာ ကိုယ့်ကိုယ်ကို သတ်သေတာလို့ ကောက်ချက် ချခဲ့ပါတယ်။ ဟက်ဆီပြည်နယ်ဟာ ဂျာမနီရဲ့ စီးပွားရေး မြို့တော် ဘရန့်ဖတ် ရှိတဲ့ နေရာဖြစ်ပြီး အဓိက ဘဏ်ကြီးတွေဖြစ်တဲ့ ဒွိုက်ရှ် ဘဏ်နဲ့ ကော်မာ့ဇ်ဘဏ်တို့ရဲ့ ရုံးချုပ်တွေ ရှိပါတယ်။ ဒါ့အပြင် ဥရောပ ဗဟိုဘဏ်ကလည်း ဖရန့်ဖတ်မြို့မှာပဲ ရှိပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)