ဟောင်ကောင်က အိမ်မွေးကြောင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေကြောင်း တွေ့ရှိ

0
320

ကြောင်ပိုင်ရှင်မှာ COVID-19 ကူးစက်နေကြောင်း တွေ့ရှိရပြီးနောက် သူ့ရဲ့ အိမ်မွေးကြောင်ဟာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေကြောင်း ဟောင်ကောင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာနက ပြောပါတယ်။

အိမ်မွေးကြောင်ဟာ COVID-19 ရောဂါ ကူးစက်နေပေမယ့် ဘာရောဂါ လက္ခဏာမှ မပြကြောင်းလည်း သတိပေးထားပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေက COVID-19 ရောဂါ ဆက်ကူးနိုင်မယ့် အထောက်အထား လက်ရှိမှာ မတွေ့သေးကြောင်းနဲ့ ပိုင်ရှင်တွေ အနေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို စွန့်မပစ်သင့်ကြောင်းလည်း ဟောင်ကောင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာနက မတ်လ ၃၁ ရက်နေ့မှာ ပြောပါတယ်။

အိမ်မွေး ခွေး၊ ကြောင်နဲ့ တခြား တိရစ္ဆာန်တွေက COVID-19 ကို သယ်ဆောင်ဖြန့်ဖြူးနိုင်တယ်လို့ အထောက်အထား မတွေ့ရသေးကြောင်းလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ထုတ်ပြန်ထားပါတယ်။

>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)