ရှင်ကျင်းပြည်နယ်မှာ မုတ်ဆိတ်ရှည်နဲ့ ခေါင်းမြီးခြုံတာတွေကို တားမြစ်လိုက်ပြီ

0
301

တရုတ်နိုင်ငံ၊ ရှင်ကျင်းပြည်နယ် အနောက်ဖျားပိုင်းမှာ အစ္စလာမ်မစ် အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးအဖြစ် တရုတ် အစိုးရက စည်းကမ်းအသစ် တားမြစ်ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါတားမြစ်မိန့်တွင် ပုံမှန်မဟုတ်တဲ့ မုတ်ဆိတ်ရှည်ထားရှိမှုနဲ့ လူမြင်ကွင်းမှာ ခေါင်းမြီးခြုံမှုတွေ မလုပ်ဖို့ တားမြစ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်က ထုတ်လွှင့်တဲ့ ရုပ်သံအစီအစဉ်တွေကို မကြည့်ဘူးလို့ ငြင်းဆန့် သူတွေကိုလည်း စည်းမျဉ်းချိုးဖောက်မှုအဖြစ် သတ်မှတ်လိုက်တာဖြစ်ပါတယ်။

ရှင်းကျင်းပြည်နယ်ဟာ အူဂါမွတ်စလင်တွေ အများစုနေထိုင်တဲ့ တရုတ်ပြည်နယ်တစ်ခုဖြစ်ပြီး ရှေးရိုးစဉ်လာမွတ် စလင်အုပ်စုတစ်စုက သူတို့အနေနဲ့ ခွဲခြားဆက်ဆံခံနေရကြောင်း ပြောပါတယ်။

မကြာသေးခင်နှစ်တွေက အဆိုပါဒေသအတွင်းမှာ သွေးစွန်းတဲ့ ဆူပူအုံကြွမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
တရုတ်အစိုးရက အဆိုပါဆူပူအုံ့ကြွမှုတွေဟာ အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ ခွဲထွက်ရေး သမားတွေကြောင့် ဖြစ်ပွားရတာဖြစ်ကြောင်း ပြစ်တင် ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေး အုပ်စုတွေကတော့ အဲဒီဆူပူအုံ့ကြွမှုတွေဟာ ဖိနှိပ်တဲ့မှုဝါဒကြောင့် ဖြစ်ရတာဖြစ်ပြီး အခု ထုတ်ပြန်လိုက်တဲ့ စည်းမျဉ်းအသစ်ကြောင့် အူဂါမွတ်စလင်တချို့ အစွန်းရောက်ဝါဒ သမားတွေ ဖြစ်လာဖွယ်ရှိနေကြောင်း ပြောဆိုခဲ့ကြပါတယ်။

အမှန်တော့ အလားတူ စည်းမျဉ်းတွေကို ရှင်ကျင်းပြည်နယ်မှာ အရင်ကတည်းက ကျင့်သုံးခဲ့တာဖြစ်ပြီး အခုရက် သတ္တပတ်အကုန်မှာ အဲဒီစည်းမျဉ်းတွေကို တရားဝင်ပြဌာန်းလိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)