လိင်တူချစ်သူ အလံဖန်တီးခဲ့တဲ့သူ အသက် ၆၅ နှစ်မှာ ကွယ်လွန်

0
332

လိင်တူချစ်သူတွေရဲ့ အထိမ်းအမှတ်အလံကို ဖန်တီးပေးခဲ့တဲ့ အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့မှာ အခြေပြုတဲ့ အနုပညာသမား ဂီးလ်ဘတ်ဘိတ်ကာ အသက် ၆၅ နှစ်မှာ ကွယ်လွန်သွားပါပြီ။

နယူးယောက်ခ်မြို့ရှိ သူ့ရဲ့နေအိမ်မှာ ပြီးခဲ့တဲ့ကြာသပတေးနေ့က အိပ်ပျော်နေရင်း မစ္စတာဂီးလ်ဘတ် ကွယ်လွန် ခဲ့တာဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ်မှာ ဂီးလ်ဘတ်က အရောင် ၈ ရောင်ပါဝင်တဲ့ အလံတော်ကို ဆန်ဖရန်စစ္စကိုမြို့ရဲ့ လိင်တူချစ်သူ တွေရဲ့လွတ်လပ်ရေးနေ့ အတွက် ဒီဇိုင်းရေးဆွဲပေးခဲ့တာ ဖြစ်ပါတယ်။

ဆန်ဖရန်စစ္စကိုမြို့မှာ ဂီးလ်ဘတ် ကွယ်လွန်မှုကြောင့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ မနေ့ညနေက ဖရောင်းတိုင်ထွန်းပွဲကို လိင်တူချစ်သူ အသိုင်းအ၀ိုင်းက ပြုလုပ်ခဲ့ကြပါတယ်။

ဇာတ်ညွှန်းရေးဆရာ ဒပ်စတင်လန့်ဘလက်ခ်က “ သက်တန်တွေငိုကြွေးနေကြပြီ၊ ခင်ဗျားမရှိတော့လို့ ကမ္ဘာကြီး က တက်ကြွမှုပျောက်ဆုံးသွားခဲ့တယ်” လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)