သမ္မတ ထရမ့် ပြည်ပ ငွေကြေး ထောက်ပံ့မှု ဖြတ်တောက်တဲ့အပေါ် ဟီလာရီကလင်တန် ဝေဖန်

0
320

Georgetown University က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးတွေရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးပွဲအတွက် ပြုလုပ်ကျင်းပတဲ့ပွဲမှာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပြည်ပငွေကြေး ထောက်ပံ့ပေးမှု ဖြတ်တောက်လိုက်တဲ့အပေါ် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီကလင်တန်က ဝေဖန်ပြောဆို လိုက်တာပါ။

ဒီလိုဖြတ်တောက်လိုက်တဲ့ အတွက်ကြောင့် နိုင်ငံတကာက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအတွက် များစွာ ထိခိုက်သွားစေနိုင်ကြောင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

အခုလို ဆုံးဖြတ်ချက်တွေ မပြုလုပ်ခင်ကတည်းက သမ္မတထရမ့်ဟာ ကိုယ်ဝန်ဖျက်ချမှု ပညာပေးအဖွဲ့တွေအပေါ် ထောက်ပံ့ငွေ ဖြတ်တောက်မယ်လို့လည်း ပြောခဲ့တာပါ။

ဒီလိုအခြေအနေတွေကြောင့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတွေအတွက် ဦးစားပေးဆက်ဆံဖို့ ရှိ၊ မရှိကိုလည်း သမ္မတဒေါ်နယ်ထရမ့်ကို မေးခွန်းထုတ် စရာဖြစ်လာတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ငြိမ်းချမ်းရေး ထိန်းသိမ်းမှုနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပိုမို ပါဝင်ဆောင်ရွက်နိုင်မှာသာ အမျိုးသမီးတွေ အတွက် ပိုမိုလုံခြုံစိတ်ချရမယ့် ကိစ္စတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ သူမက ပြောခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)