လူ႔အခြင့္အေရးဆိုင္ရာ ဥေရာပ တရား႐ံုးနဲ႔ ပူးေပါင္းမႈ ရပ္ဆိုင္းဖို႔ ႐ုရွား စဥ္းစားေန

0
812

လူ႔အခြင့္အေရးဆိုင္ရာ ဥေရာပ သေဘာတူညီခ်က္က ႏုတ္ထြက္ဖို႔ စဥ္းစားေနၿပီး လူ႔အခြင့္အေရးဆိုင္ရာ ဥေရာပ တရား႐ံုးနဲ႔ ပူးေပါင္း ေဆာင္ရြက္မႈကိုလည္း အဆံုးသတ္ဖို႔ ႐ုရွားက စဥ္းစားေနပါတယ္။

လူ႔အခြင့္အေရး ကိစၥေတြမွာ ဥေရာပနဲ႔ ပူးေပါင္းတာေတြ ရပ္ဆိုင္းဖို႔ စဥ္းစားေနတယ္ဆိုတာကို အမည္မေဖာ္လိုတဲ့ ႐ုရွားအစိုးရ အရာရွိေတြကို ကိုးကားၿပီး သတင္းေဖာ္ျပတာ ျဖစ္ပါတယ္။

ပူးေပါင္းေဆာင္ရြက္မႈေတြ ရပ္ဆိုင္းဖို႔ စဥ္းစားရတဲ့ အေၾကာင္းရင္းကေတာ့ လူ႔အခြင့္အေရးဆိုင္ရာ ဥေရာပ တရား႐ံုးရဲ႕ ဆံုးျဖတ္ခ်က္ အမ်ားအျပားဟာ ႐ုရွားရဲ႕ အက်ိဳးစီးပြားနဲ႔ ထိပ္တိုက္ေတြ႔ေနလို႔ ျဖစ္တယ္လို႔ သတင္းရင္းျမစ္ေတြက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံးနဲ့ ပူးပေါင်းမှု ရပ်ဆိုင်းဖို့ ရုရှား စဉ်းစားနေ

လူ့အခွင့်အရေးဆိုင်ရာ ဥရောပ သဘောတူညီချက်က နုတ်ထွက်ဖို့ စဉ်းစားနေပြီး လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံးနဲ့ ပူးပေါင်း ဆောင်ရွက်မှုကိုလည်း အဆုံးသတ်ဖို့ ရုရှားက စဉ်းစားနေပါတယ်။

လူ့အခွင့်အရေး ကိစ္စတွေမှာ ဥရောပနဲ့ ပူးပေါင်းတာတွေ ရပ်ဆိုင်းဖို့ စဉ်းစားနေတယ်ဆိုတာကို အမည်မဖော်လိုတဲ့ ရုရှားအစိုးရ အရာရှိတွေကို ကိုးကားပြီး သတင်းဖော်ပြတာ ဖြစ်ပါတယ်။

ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းဖို့ စဉ်းစားရတဲ့ အကြောင်းရင်းကတော့ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံးရဲ့ ဆုံးဖြတ်ချက် အများအပြားဟာ ရုရှားရဲ့ အကျိုးစီးပွားနဲ့ ထိပ်တိုက်တွေ့နေလို့ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)