
0
872




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ညစ်ပတ်နေတဲ့ နေရာမှာ ခွေးနဲ့ကြောင် ၆၁ ကောင် မွေးထားတဲ့ အမျိုးသမီး အရေးယူခံရ

အမေရိကန်၊ မက်ဆာချူးဆက်မှာ နေတဲ့ အမျိုးသမီးဟာ ညစ်ပတ်ပေရေပြီး မသင့်တော်တဲ့ နေရာမှာ ခွေးနဲ့ ကြောင် ၆၁ ကောင် မွေးထားလို့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ကယ်တင်ခဲ့ရပြီး အရေးယူမှုတွေ ခံရဖွယ် ရှိပါတယ်။

အသက် ၆၇ နှစ်အရွယ် အမျိုးသမီးဟာ အိမ်မှာ တိရစ္ဆာန်တွေ မွေးပြီး ပြန်ရောင်းချသူ ဖြစ်ပါတယ်။ သူဟာ တိရစ္ဆာန်တွေကို ရက်စက်စွာ လုပ်ဆောင်မှု၊ လိုင်စင်မရှိဘဲ တိရစ္ဆာန်တွေ သိုလှောင်ထားမှုနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။

အိမ်ဟာ ကြောင်းချေးတွေ ကြောင်သေးတွေနဲ့ ညစ်ပတ်နေပြီး လူနေဖို့တောင် မသင့်တဲ့အတွက် စစ်ဆေးမယ့် အာဏာပိုင်တွေဟာ အကာအကွယ် ဝတ်စုံတွေကို ဝတ်ပြီးမှ အိမ်ထဲ ဝင်ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)