ဘုရင္မႀကီးကို လုပ္ႀကံဖို႔ ႀကိဳးစားမႈ ရွိခဲ့ဖူး

0
839

နယူးဇီလန္ကို ၁၉၈၁ ခုႏွစ္မွာ ဘုရင္မႀကီး အဲလိဇဘက္ လာလည္စဥ္အတြင္း ဆယ္ေက်ာ္သက္တစ္ဦးက လုပ္ႀကံဖို႔ ႀကိဳးစားခဲ့ဖူးတယ္လို႔ နယူးဇီလန္က ထုတ္ေဖာ္လိုက္တဲ့ လွ်ိဳ႕ဝွက္စာတမ္းေတြမွာ ေဖာ္ျပထားပါတယ္။

အဲဒီတုန္းက အသက္ ၁၇ ႏွစ္ အရြယ္ရွိ ခရစၥတိုဖာ ဂြ်န္ လူးဝစ္ ဆိုသူက ေအာက္တိုဘာလမွာ ဘုရင္မႀကီးကို ေသနတ္နဲ႔ ပစ္ခတ္လုပ္ႀကံဖို႔ ႀကံစည္းခဲ့တာ ျဖစ္တယ္လို႔ နယူးဇီလန္ လံုၿခံဳေရး ေထာက္လွမ္းေရး ဌာနက ထုတ္ေဖာ္လိုက္တဲ့ စာတမ္းေတြမွာ ေဖာ္ျပထားတာ ျဖစ္ပါတယ္။

၁၉၈၁ ခုႏွစ္ ႏိုဝင္ဘာ ၉ ရက္ေန႔ ရက္စြဲနဲ႔ စာရြက္စာတမ္းတစ္ခုမွာေတာ့ ဘုရင္မႀကီးကို ပစ္ခတ္မယ့္ အလားအလာရွိတယ္လို႔ အတည္ျပဳေရးသားထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>

ဘုရင်မကြီးကို လုပ်ကြံဖို့ ကြိုးစားမှု ရှိခဲ့ဖူး

နယူးဇီလန်ကို ၁၉၈၁ ခုနှစ်မှာ ဘုရင်မကြီး အဲလိဇဘက် လာလည်စဉ်အတွင်း ဆယ်ကျော်သက်တစ်ဦးက လုပ်ကြံဖို့ ကြိုးစားခဲ့ဖူးတယ်လို့ နယူးဇီလန်က ထုတ်ဖော်လိုက်တဲ့ လျှို့ဝှက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။

အဲဒီတုန်းက အသက် ၁၇ နှစ် အရွယ်ရှိ ခရစ္စတိုဖာ ဂျွန် လူးဝစ် ဆိုသူက အောက်တိုဘာလမှာ ဘုရင်မကြီးကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံဖို့ ကြံစည်းခဲ့တာ ဖြစ်တယ်လို့ နယူးဇီလန် လုံခြုံရေး ထောက်လှမ်းရေး ဌာနက ထုတ်ဖော်လိုက်တဲ့ စာတမ်းတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

၁၉၈၁ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့ ရက်စွဲနဲ့ စာရွက်စာတမ်းတစ်ခုမှာတော့ ဘုရင်မကြီးကို ပစ်ခတ်မယ့် အလားအလာရှိတယ်လို့ အတည်ပြုရေးသားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)