သမၼတ ရွီ တစ္သက္လံုး ရာထူးယူထားဖို႔ မရွိေၾကာင္း တ႐ုတ္ထိပ္တန္း သတင္းစာ ေရး

0
864

ဖြဲ႔စည္းပံု အေျခခံဥပေဒမွာ သမၼတ သက္တမ္းကို အေျပာင္းအလဲလုပ္မယ့္ကိစၥဟာ အစိုးရေခါင္းေဆာင္ေတြကို တစ္သက္လံုး ရာထူးယူထားဖို႔ မဟုတ္ဘူးလို႔ တ႐ုတ္ ႏိုင္ငံပိုင္ ထပ္တန္းသတင္းစာ Paople’s Daily က ခုခံေရးသားထားပါတယ္။

သမၼတ နဲ႔ ဒုသမၼတ သက္တမ္းေတြကို သက္တမ္းကာလ ၂ ခုထက္ပိုၿပီး ထမ္းေဆာင္ခြင့္ျပဳဖို႔ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္မယ့္ ကိစၥနဲ႔ ပတ္သက္ၿပီး ျပည္တြင္းမွာေရာ ႏိုင္ငံတကာမွာပါ ေဝဖန္မႈေတြ ရွိေနပါတယ္။

သမၼတ သက္တမ္းကာလ ျပင္ဆင္ျခင္းဟာ သမၼတ ရွီ က်င့္ဖ်င္ကို တတိယ သက္တမ္း ထမ္းေဆာင္ေစဖို႔ မဟုတ္ပါဘူး၊ သမၼတ ရွီက တတိယသက္တမ္းကို ထမ္းေဆာင္လိုစိတ္ ရွိ၊ မရွိကေတာ့ ေျပာဖို႔ခက္တယ္လို႔ ဆီတန္ ေဟာလ္ တကၠသိုလ္က ဥပေဒနဲ႔ တ႐ုတ္ ဖြဲ႔စည္းပံု အေျခခံဥပေဒ ကြ်မ္းက်င္သူ ပါေမာကၡ မာဂရက္ လူးဝစ္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သမ္မတ ရှီ တစ်သက်လုံး ရာထူးယူထားဖို့ မရှိကြောင်း တရုတ်ထိပ်တန်း သတင်းစာ ရေး

ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သမ္မတ သက်တမ်းကို အပြောင်းအလဲလုပ်မယ့်ကိစ္စဟာ အစိုးရခေါင်းဆောင်တွေကို တစ်သက်လုံး ရာထူးယူထားဖို့ မဟုတ်ဘူးလို့ တရုတ် နိုင်ငံပိုင် ထပ်တန်းသတင်းစာ Paople’s Daily က ခုခံရေးသားထားပါတယ်။

သမ္မတ နဲ့ ဒုသမ္မတ သက်တမ်းတွေကို သက်တမ်းကာလ ၂ ခုထက်ပိုပြီး ထမ်းဆောင်ခွင့်ပြုဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ဝေဖန်မှုတွေ ရှိနေပါတယ်။

သမ္မတ သက်တမ်းကာလ ပြင်ဆင်ခြင်းဟာ သမ္မတ ရှီ ကျင့်ဖျင်ကို တတိယ သက်တမ်း ထမ်းဆောင်စေဖို့ မဟုတ်ပါဘူး၊ သမ္မတ ရှီက တတိယသက်တမ်းကို ထမ်းဆောင်လိုစိတ် ရှိ၊ မရှိကတော့ ပြောဖို့ခက်တယ်လို့ ဆီတန် ဟောလ် တက္ကသိုလ်က ဥပဒေနဲ့ တရုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကျွမ်းကျင်သူ ပါမောက္ခ မာဂရက် လူးဝစ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)