
0
901




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သက်တမ်း နှစ် ၅ ထောင်ရှိ အီဂျစ်မံမီတွေမှာ ရှေးအကျဆုံး ဆေးမင် တွေ့ရှိ

အီဂျစ်နိုင်ငံက သက်တမ်း နှစ် ၅ ထောင်ရှိတဲ့ မံမီ ရုပ်အလောင်း ၂ ခုမှာ ရှေးအကျဆုံးလို့ ပြောနိုင်တဲ့ ဆေးမင်တွေကို သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

နွေားရိုင်းတစ်ကောင်ရဲ့ ပုံနဲ့ သိုးတစ်ကောင်ရဲ့ ပုံတွေကို အမျိုးသား မံမီရဲ့ လက်မောင်းမှာ ထိုးထားပြီး အက်စ်ပုံစံ ဆေးမင်တွေကိုတော့ အမျိုးသမီး မံမီရဲ့ ပုခုံးတို့မှာ ထိုးနှံထားတာ ဖြစ်ပါတယ်။ ဆေးမင်ပုံတွေရဲ့ အသေးစိတ်ကို ရှေးဟောင်းသုတေသန သိပ္ပံ ဂျာနယ်မှာ ဖော်ပြထားပါတယ်။

အဲဒီခေတ်မှာ လူတွေ ဘယ်လို နေထိုင်ခဲ့တယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ နားလည်ထားမှုကို ဒီရှာဖွေတွေ့ရှိမှုက ပြောင်းလဲပေးလိုက်ပါတယ်လို့ သုတေသန စာတမ်းကို ဦးဆောင်ရေးသားသူ တစ်ဦးဖြစ်တဲ့ ဒန်နီယယ် အန်တိုနီက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)