ၾသစေၾတးလ် လက္နက္အပ္ႏွံေရးကာလအတြင္း လက္နက္ ၅၇၀၀၀ ရရွိ

0
928

ၾသစေၾတးလ်ႏိုင္ငံမွာ လက္နက္အပ္ႏွံေရး ၃ လတာ ကာလအတြင္း ေရာ့ကက္ေလာင္ခ်ာကေန ေအာ္တုိမက္တစ္ ႐ိုင္ဖယ္ေတြအထိ လက္နက္ေပါင္း ၅၇၀၀၀ လက္ခံရရွိခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္ ဇူလိုင္လကေန စက္တင္ဘာလအတြင္း လက္နက္ေပါင္း ၅၇၃၂၄ လက္နဲ႔ လက္နက္ အစိတ္အပိုင္းေပါင္း ၂၄၃၂ ခု လက္ခံရရွိတယ္လို႔ ၾသစေၾတးလ် ျပည္ထဲေရး ဝန္ႀကီးဌာနက ေျပာပါတယ္။ အၾကမ္းဖက္ တိုက္ခိုက္မႈေတြမွာ တရားမဝင္ ကိုင္ေဆာင္တဲ့ လက္နက္ေတြကို အသံုးျပဳတယ္လို႔ ရဲက အစီရင္ခံၿပီးေနာက္ လက္နက္အပ္ႏွံေရး အစီအစဥ္ကို စတင္ခဲ့တာ ျဖစ္ပါတယ္။

တင္းက်ပ္တဲ့ လက္နက္ ဥပေဒကို ၁၉၉၆ မွာ ျပ႒ာန္းခဲ့ေပမယ့္ ၾသစေၾတးလ်မွာ လိုင္စင္မဲ့ ေသနတ္ ၂ သိန္းခြဲခန္႔ ရွိႏိုင္တယ္လို႔ ခန္႔မွန္းၾကပါတယ္။ လက္နက္အပ္ႏွံေရး ကာလအလြန္မွာ လိုင္စင္မဲ့ ေသနတ္ လက္ဝယ္ေတြ႔ရွိပါက ဒဏ္ေငြ အေမရိကန္ ေဒၚလာ ၂ သိန္း ၁ ေသာင္းေက်ာ္နဲ႔ ေထာင္ဒဏ္ ၁၄ ႏွစ္နဲ႔ အထက္ က်ခံရႏိုင္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

သြစတြေးလျ လက်နက်အပ်နှံရေးကာလအတွင်း လက်နက် ၅၇၀ဝ၀ ရရှိ

သြစတြေးလျနိုင်ငံမှာ လက်နက်အပ်နှံရေး ၃ လတာ ကာလအတွင်း ရော့ကက်လောင်ချာကနေ အော်တိုမက်တစ် ရိုင်ဖယ်တွေအထိ လက်နက်ပေါင်း ၅၇၀ဝ၀ လက်ခံရရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလအတွင်း လက်နက်ပေါင်း ၅၇၃၂၄ လက်နဲ့ လက်နက် အစိတ်အပိုင်းပေါင်း ၂၄၃၂ ခု လက်ခံရရှိတယ်လို့ သြစတြေးလျ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ တရားမဝင် ကိုင်ဆောင်တဲ့ လက်နက်တွေကို အသုံးပြုတယ်လို့ ရဲက အစီရင်ခံပြီးနောက် လက်နက်အပ်နှံရေး အစီအစဉ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။

တင်းကျပ်တဲ့ လက်နက် ဥပဒေကို ၁၉၉၆ မှာ ပြဋ္ဌာန်းခဲ့ပေမယ့် သြစတြေးလျမှာ လိုင်စင်မဲ့ သေနတ် ၂ သိန်းခွဲခန့် ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ လက်နက်အပ်နှံရေး ကာလအလွန်မှာ လိုင်စင်မဲ့ သေနတ် လက်ဝယ်တွေ့ရှိပါက ဒဏ်ငွေ အမေရိကန် ဒေါ်လာ ၂ သိန်း ၁ သောင်းကျော်နဲ့ ထောင်ဒဏ် ၁၄ နှစ်နဲ့ အထက် ကျခံရနိုင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)