
0
878




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စာရေးဆရာတွေကို ဖမ်းဆီးထားမှု နိုဘယ်လ်ဆုရှင်တွေ တူရကီကို သတိပေး

တူရကီနိုင်ငံရဲ့ ထင်ရှားမှုဟာ တရားမမျှတစွာ ဖမ်းဆီးခံထားရတဲ့ ဂျာနယ်လစ်တွေနဲ့ စာရေးဆရာတွေ အပေါ်မှာ ချိန်ခွင်လျှာ ရှိနေတယ်လို့ နိုဘယ်လ်ဆုရှင် ၃၈ ဦးက တူရကီ သမ္မတ ရီဆက်ပ် တေရစ် အာဒိုဂမ်ဆီ အိတ်ဖွင့်စာ ရေးသားပေးပို့ပြီး သတိပေးလိုက်ပါတယ်။

၂၀၁၆ ခုနှစ် အာဏာသိမ်းဖို့ ကြိုးပမ်းမှုမှာ ကြိုးပမ်းမှုမှာ ပတ်သက်တယ်ဆိုပြီး စာရေးဆရာနဲ့ ဆောင်းပါးရှင် အာမက် အယ်လ်တန်ကို တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချပြီးနောက် ဂျေအမ် ကုတ်ဇီ၊ ကာဇူအို အီရှီဂူရိုနဲပ မာရီရို ဗားဂတ်စ်တို အပါအဝင် နိုဘယ်လ်ဆုရှင်တွေက အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။

အိတ်ဖွင့်ပေးစာမှာ အာမက်နဲ့ မာမက် အယ်တန်တို့ ညီအစ်ကို၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အပြစ်ပေးခံရသူ နောက်တစ်ဦးဖြစ်တဲ့ နက်ဇ်လီ အီလီကတ်တို့ ၃ ဦးကိစ္စကိုလည်း အလေးပေး ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)