
0
842




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီဂျစ်မှာ ရထား ၂ စင်းတိုက်မှု ၁၅ ဦးသေ၊ ၄၀ ကျော် ဒဏ်ရာရ

အီဂျစ်နိုင်ငံ၊ ဘီဟေးရီးယား ပြည်နယ် မြောက်ပိုင်းမှာ မနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရထားတိုက်မှု ဖြစ်ပွားခဲ့လို့ သေဆုံးသူ အနည်းဆုံး ၁၅ ဦးရှိခဲ့ပြီး လူ ၄၀ ကျော် ထိခိုက်ဒဏ်ရာရ ရှိသွားခဲ့ပါတယ်။

ခရီးသည်တင်ရထားနဲ့ ကုန်ကားရထားတို့ တိုက်မိခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်နဲ့ ပတ်သတ်လို့ ပြည်သူတွေက ပို့ဆောင်ဆက်သွယ်ရေးအဖွဲ့ကို ဒေါသထွက်ကြပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ တုန်းကလည်း ရထားတိုက်မှု ဖြစ်ပွားခဲ့လို့ သေဆုံးသူ ၄၂ ဦးနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀ဝ ကျော် ရှိခဲ့ဖူးပါတယ်။

အီဂျစ်နိုင်ငံမှာ အခုလို ရထားတိုက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး အခြေခံ လူတန်းစားတွေ သွားလာနေတဲ့ ရထားလမ်းကြောင်းမှာ ဘေးကင်းလုံခြုံအောင် လုပ်ဆောင်ပေးဖို့ အစိုးရက ပျက်ကွက်နေခဲ့တယ်လို့ ဝေဖန်နေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)