ဟြန္ဒူရပ္ သမၼတေဟာင္း ကေတာ္ကို အဂတိလိုက္စားမႈနဲ႔ ဖမ္းဆီး

0
861

ဆင္းရဲႏြမ္းပါးသူေတြအတြက္ လူမႈ အစီအစဥ္ ရန္ပံုေငြေတြကို ယူမႈ အပါအဝင္ လာဘ္စားမႈေတြအတြက္ ဟြန္ဒူရပ္ သမၼတေဟာင္း ကေတာ္ကို ရဲက ဖမ္းဆီးလိုက္ပါတယ္။

႐ိုဆာ အယ္လီနာ ဘြန္နီလာကို ေတဂူစီဂယ္လ္ပါၿမိဳ႕ရွိ ေနအိမ္မွာ ရဲက ဖမ္းဆီးလိုက္တာျဖစ္ပါတယ္။ သူ႔ရဲ႕ ခဲအိုလည္း အဖမ္းခံရၿပီး စာရြက္စာတမ္းေတြကိုလည္း သိမ္းဆည္းခဲ့ပါတယ္။ ဟြန္ဒူရပ္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး အဖြဲ႔ေခါင္းေဆာင္ အန္နာ မာရီယာ ကယ္လ္ဒါရြန္က ဘြန္နီလာနဲ႔ အေပါင္အပါေတြဟာ အေမရိကန္ ေဒၚလာ ၆ သိန္း ၈ ေသာင္းေလာက္ အလြဲသံုးစား လုပ္ခဲ့တယ္လို႔ ေျပာပါတယ္။

ဘြန္နီလာနဲ႔ တျခား အရာရွိေတြဟာ ႏိုင္ငံေတာ္ရဲ႕ ရန္ပံုေငြေတြကို အလြဲသံုးစားလုပ္ၿပီး ေငြျဖဴလုပ္တဲ့ ကြန္ရက္ကို ဖန္တီးခဲ့တယ္လို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးအဖြဲ႔က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဟွန်ဒူရပ် သမ္မတဟောင်း ကတော်ကို အဂတိလိုက်စားမှုနဲ့ ဖမ်းဆီး

ဆင်းရဲနွမ်းပါးသူတွေအတွက် လူမှု အစီအစဉ် ရန်ပုံငွေတွေကို ယူမှု အပါအဝင် လာဘ်စားမှုတွေအတွက် ဟွန်ဒူရပ် သမ္မတဟောင်း ကတော်ကို ရဲက ဖမ်းဆီးလိုက်ပါတယ်။

ရိုဆာ အယ်လီနာ ဘွန်နီလာကို တေဂူစီဂယ်လ်ပါမြို့ရှိ နေအိမ်မှာ ရဲက ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ သူ့ရဲ့ ခဲအိုလည်း အဖမ်းခံရပြီး စာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်းခဲ့ပါတယ်။ ဟွန်ဒူရပ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် အန်နာ မာရီယာ ကယ်လ်ဒါရွန်က ဘွန်နီလာနဲ့ အပေါင်အပါတွေဟာ အမေရိကန် ဒေါ်လာ ၆ သိန်း ၈ သောင်းလောက် အလွဲသုံးစား လုပ်ခဲ့တယ်လို့ ပြောပါတယ်။

ဘွန်နီလာနဲ့ တခြား အရာရှိတွေဟာ နိုင်ငံတော်ရဲ့ ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်ပြီး ငွေဖြူလုပ်တဲ့ ကွန်ရက်ကို ဖန်တီးခဲ့တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)