အိုဘားမား ဇနီးမောင်နှံ စာအုပ်ရေးသားရန် ဒေါ်လာ သန်း ၆၀ ဖြင့် သဘောတူ

0
289

အမေရိကန် သမ္မတဟောင်း အိုဘားမား နဲ့ ဇနီးဖြစ်သူ မီရှဲလ် အိုဘားမားတို့ နှစ်ဦးဟာ ပင်ဂွင်း စာအုပ်တိုက်အတွက် စာအုပ် တစ်ယောက် တစ်အုပ်စီ ရေးသားပေးဖို့ အတွက် သဘောတူညီမှု ရရှိခဲ့ပါတယ်။

ထွက်ရှိလာမယ့် စာအုပ်နှစ်အုပ်ရဲ့ နာမည်နဲ့အကြောင်းအရာ အသေးစိတ်ကို မညှိနှိုင်းရသေးပေမယ့် အိမ်ဖြူတော် နေ့ရက်များနဲ့ သက်ဆိုင်နိုင်ဖွယ်ရှိပြီး အိုဘားမားတို့ ဇနီးမောင်နှံဟာ အဲဒီ စာအုပ် နှစ်အုပ်အတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတဟောင်း အိုဘားမားဟာ အရောင်းရဆုံး စာရင်းဝင် စာအုပ်တစ်အုပ်ဖြစ်တဲ့ ဖြစ်တဲ့ Dreams from My Father and The Audacity of Hope ဆိုတဲ့ စာအုပ်ကိုလည်း ရေးသား ခဲ့ဖူးပြီး မီရှဲလ် အိုဘားမားကလည်း အစားအသောက်နဲ့ ဥယျာဉ်စိုက်ပျိုးရေးအကြောင်း ရေးသားထားတဲ့ American Grown – a book about food ဆိုတဲ့စာအုပ်ကို ရေးသား ထုတ်ဝေခဲ့ဖူးပါတယ်။

သမ္မတဟောင်း ဇနီးမောင်နှံရဲ့ ခေါင်းဆောင်မှုတွေနဲ့ စကားလုံးတွေဟာ ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့ပြီး ပင်ဂွင်းစာအုပ်တိုက်က နေ့စဉ် ထုတ်ဝေနေတဲ့ စာအုပ်တွေကလည်း ကမ္ဘာကြီးကို ပြောင်းလဲဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ပင်ဂွင်းစာအုပ်တိုက်ရဲ့ အမှုဆောင် အရာရှိချုပ် မားကပ်စ်ဒိုးလ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)