မကောင်းဆိုးရွား ပူးတယ်ဆိုပြီး မီးပုံထဲ ပစ်ချခံရတဲ့ အမျိုးသမီး သေဆုံး

0
312

သူမရဲ့ကိုယ်ခန္ဓာထဲက မကောင်းဆိုးရွားကို နှင်ထုတ်ဖို့ဆိုပြီး မီးပုံထဲပစ်ချခံခဲ့ရတဲ့အသက် ၂၅ နှစ်အရွယ် နီကာရာဂွာနိုင်ငံသူ အမျိုးသမီး မနေ့က သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

မျက်မြင်သက်သေတွေရဲ့ပြောဆိုချက်အရ အဲဒီအမျိုးသမီးကို အ၀တ်ဗလာနဲ့ မီးပုံထဲပစ်ချခဲ့ကြတာပါ။ ဗီလ်မာထရုဂျီလို ဂရာစီရာဆိုသူ အဲဒီအမျိုးသမီး
ဟာ ကိုယ်ခန္ဓာရဲ့ ၈၀ ရာခိုင်နူန်း မီးလောင်ကျွမ်းသွားခဲ့ရကြောင်း အရာရှိတွေက ပြောပါတယ်။

နီကာရာဂွာတရားရေးဌာနက ဧ၀ံဂေလိတရားဟောဆရာဆိုသူ ဟွန်ဂရီဂိုရီရိုရိုချာရိုမီရိုနဲ့ အပေါင်းအပါလေးဦးကို ဖမ်းဆီးထားပါတယ်။ ရိုချာရိုမီရိုက သူ့အနေနဲ့ အမှားအယွင်းမလုပ်ခဲ့ကြောင်း နီကာရာဂွာသတင်းစာ လာပရန်ဆာကို ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သေဆုံးသူအမျိုးသမီးဟာ ဘယ်သူ့ရဲ့ပယောဂမှမပါဘဲ မီးပုံထဲကျသွားတာသာဖြစ်ကြောင်းနဲ့ သူမရဲ့ကိုယ်ထဲက မကောင်းဆိုး ရွား ထွက်သွားကြောင်းလည်း ရိုချာရိုမီရိုက ပြောဆိုခဲ့ပါတယ်။

သေဆုံးသူရဲ့ခင်ပွန်းရေနဲလ်ဒိုပါရာတာရီဒရီဂေးဇ်က ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ဇနီးဖြစ်သူကို မကောင်းဆိုးရွားပူးနေတယ်လို့ ယူဆကြီး ခရစ်ယာန်ဘုရားကျောင်းအတွင်း ခေါ်သွားခဲ့ကြတယ်လို့ ပြောပါတယ်။ အဲဒီမတိုင်မီက သူ့ရဲ့အမျိုးသမီးဟာ မက္ကဆီကို ဒေသသုံးဓါးနဲ့ လူတွေကို လိုက်တိုက်ခိုက်နေတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ ဒါဟာ မကောင်းဆိုးရွားကြောင့်လို့ ယူဆပြီး အခုလို စီရင်ခဲ့ကြတာဖြစ်ပါတယ်။

“ သူတို့ရဲ့လုပ်ရပ်က ဘယ်လိုမှခွင့်မလွှတ်နိုင်စရာပါပဲ၊ ကလေးနှစ်ယောက်ရဲ့မိခင်ဖြစ်တဲ့ ကျွန်တော့်မိန်းမကို သူတို့ သတ် လိုက် ကြတယ်။ အခုကလေးတွေကို ဘယ်လိုမျိုး ကျွန်တော်ပြောရမလဲ” လို့ ရေနဲလ်ကပြောပါတယ်။ အဆိုပါဘုရားကျောင်း အဖွဲ့ အစည်းက လက်ရှိတရားခံအနေနဲ့ ဖမ်းဆီးခံနေရတဲ့ရိုချာရိုမီရိုဟာ သူတို့ဘာသာရေးဂိုဏ်းရဲ့ ခေါင်းဆောင်မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)