ဒေါ်လာ ၄ သန်းတန် ရေဒါကြောင့် အာကာသ အမှိုက်တွေကို ရှောင်လွှဲနိုင်ပြီ

0
289

မကြာသေးခင်က ဒေါ်လာ ၄ သန်းအကုန်အကျခံ တည်ဆောက်ခဲ့တဲ့ ရေဒါကွန်ရက်ကို အသုံးပြုပြီး အာကာသခရီးသည်တွေနဲ့ ကမ္ဘာပတ်လမ်းကြောင်းထဲမှာ လွှင့်မြောနေတဲ့ အာကာသအမှိုက်တွေ မတိုက်မိအောင်ကူညီပေးမယ့် နည်းပညာကို တည်ဆောက် နိုင်မယ်လို့ အမေရိကန်နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ လီယိုလက်ဒ်က ပြောကြားလိုက်ပါတယ်။

ကမ္ဘာပတ်လမ်းကြောင်း အနိမ့်ပိုင်းမှာ လွှင့်မြောနေတဲ့ အာကာသအမှိုက် အရာဝတ္ထုပေါင်း နှစ်သိန်းခွဲခန့်ရှိတယ်လို့ အဆိုပါကုမ္ပဏီ ကပြောဆိုခဲ့တာပါ။ အဆိုပါပမာဏာဟာ အာကာသအမှိုက် အားလုံးရဲ့ ၉၅ ရာခိုင်နူန်းလည်း ဖြစ်ပါတယ်။

အဆိုပါကုမ္ပဏီ လီယိုလက်ဒ်ဟာ စီးပွားရေးကဏ္ဍအသစ်တစ်ခု ဖြစ်လာနေပြီး လက်ရှိအချိန်မှာ ကမ္ဘာပတ်လမ်းကြောင်း အနိမ့်ပိုင်း မှာရှိတဲ့ ဂြိုလ်တုနဲ့ စွန့်ပစ်ပစ္စည်းအပိုင်းအစတွေကို စောင့်ကြည့်ပေးနေပါတယ်။ လွင့်မြောအာကာသပစ္စည်းပေါင်း ၁၃၀၀၀ ကို သူတို့က အချိန်ပြည့်စောင့်ကြည့် ပေးတဲ့ဝန်ဆောင်မှုကို ပြုလုပ်နေတာဖြစ်ပါတယ်။

အာကာသခရီးသည်တွေ ပို့ဆောင်တဲ့ ၀န်ဆောင်မှုကို ပြုလုပ်မယ့် Space X လို ကုမ္ပဏီအနေနဲ့ လီယိလက်ဒ်ရဲ့လုံခြုံဘေးကင်းရေး ၀န်ဆောင်မှုကို အသုံးပြုရဖွယ်ရှိနေပါတယ်။

လက်ရှိအချိန်မှာ လီယိုလက်ဒ်ဟာ သူတို့ရဲ့ရေဒါကွန်ရက်ကို တိုးချဲ့နေပြီး မကြာခင်မှာ အလက်စကာပြည်နယ်အထိ ချိတ်ဆက် နိုင်ခဲ့ပြီဆိုရင် အာကာသလွှင့်မြော အရာဝတ္ထုစုစုပေါင်း နှစ်သိန်းခွဲကို စောင့်ကြည့်နိုင်တော့မှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)