ပြင်သစ်သမ္မတ မိန့်ခွန်းပြောကြားနေစဉ် သေနတ် ပစ်ခတ်မှု ဖြစ်ပွား

0
293

ပြင်သစ်နိုင်ငံတွင်းက မီးရထားလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို သမ္မတ ဖရန်စစ်ဟော်ဟန်ဒီ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ သမ္မတမိန့်ခွန်းပြောနေချိန် မီတာ(၁၀၀)အကွာမှာ လုံခြုံရေး တာဝန်ယူထားတဲ့ လက်ဖြောင့်သေနတ် သမားတစ်ဦးက ပစ်ခတ်မိခဲ့တာ ပဲဖြစ်ပါတယ်။

အဲဒီလိုပစ်ခတ်မှုကြောင့် လူ (၂) ဦးကို သွားရောက်ထိမှန်ခဲ့ပေမဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားမျိုးတော့မရှိပါဘူး။ ခုဖြစ်စဉ်ဟာ လက်ဖြောင့်သေနတ်သမား ပစ်မှတ်နေရာရွှေ့ပြောင်းစဉ်မှာ မတော်တဆ ပစ်ခတ်မှုမျိုးဖြစ်ပွားခဲ့တာလို့ သက်ဆိုင်ရာ အရာရှိတစ်ဦးကပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)