အီဂျစ်ခရစ်ယာန် လူနည်းစုတွေကို အိုင်အက်စ်က ပစ်မှတ်ထား သတ်ဖြတ်နေ

0
313

တစ်ချိန်က အရှေ့အလယ်ပိုင်း ဒေသရဲ့ကော့ပ်တစ်ခရစ်ယာန် ဘာသာဝင်အများစုဖြစ်ခဲ့တဲ့ အီဂျစ်နိုင်ငံက ခရစ်ယာန်ဘာသာဝင် တွေဟာ အိုင်အက်စ် အစ္စလာမ်မစ်အစွန်းရောက်တွေရဲ့ရန်ကို ကြောက်လန့်နေပြီး နိုင်ငံရဲ့မြောက်ပိုင်း စီနိုင်းဒေသကို ရာနဲ့ချီပြီး ထွက်ပြေးနေကြရပါတယ်။

ရက်သတ္တပတ်နှစ်ပတ်အတွင်း ခရစ်ယာန်ဘာသာဝင် ၇ ဦးသတ်ဖြတ်ခံခဲ့ရပြီးနောက်မှာ အစ္စမေးလ်လီယာမြို့ကို သူတို့ထွက်ပြေး တိမ်းရှောင်ခဲ့ကြပါတယ်။
အီဂျစ်လူဦးရေရဲ့ ၁၀ ရာခိုင်နူန်းဟာ ကော့ပ်တစ်ခရစ်ယာန် တွေဖြစ်ပြီး အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ပစ်မှတ်ထားသတ်ဖြတ်မှု ခံရလေ့ရှိပါတယ်။

ပြီခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း ကိုင်ရိုမြို့က ခရစ်ယာန်ဘုရားကျောင်းမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး လူ ၃၀ ဦးသေဆုံးခဲ့ရပါတယ်။
အီဂျစ်မွတ်စလင် သမ္မတမိုဟာမက်မော်စီကို ၂၀၀၃ ခုနှစ်မှာ ဖယ်ရှားခဲ့ပြီး နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အိုင်အက်စ်က ပစ် မှတ်ထားခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ် အတွင်းမှာ တိုင်းပြည်အတွင်းမှာရှိတဲ့ လူနည်းစုခရစ်ယာန်ဘာသာ ၀င်တွေကို တိုက်ခိုက်သတ်ဖြတ်မယ်လို့ အိုင်အက်စ်တွေက စတင်ခြိမ်းခြောက်ခဲ့ကြတာပါ။ ခြိမ်းခြောက်တဲ့အတိုင်းနှစ်ပတ်အတွင်းမှာ ခရစ်ယာန် ၇ ဦးသတ်ဖြတ်ခံရပြီး နောက်ပိုင်း အခုလိုရာနဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်မှုတွေ ဖြစ်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။

တကယ်တော့ ကော့ပ်တစ်ခရစ်ယာန်တွေဟာ အရှေ့အလယ်ပိုင်းဒေသမှာ ရှေးအကျဆုံးခရစ်ယာန်လူ့အဖွဲ့အစည်းတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပြီး သူတို့ဘာသာရေးရဲ့ရှေးကျခိုင်မာမှုကို ဂုဏ်ယူကြသူတွေလည်း ဖြစ်ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)