ဆီးရီးယားကို ပိတ်ဆို့မှု ရုရှားနဲ့ တရုတ် ဗွီတိုအာဏာနဲ့ ကန့်ကွက်

0
321

ဓာတုလက်နက်တွေ အသုံးပြုနေတာကြောင့် ကုလသမဂ္ဂက ဆီးရီးယားနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု ပြုလုပ်ဖို့ လုပ်ဆောင်ရာမှာ ရုရှားနဲ့တရုတ်
နိုင်ငံတို့က ဗွီတိုအာဏာသုံးပြီး ပယ်ချခဲ့ကြပါတယ်။

ဆီးရီးယားအစိုးရအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးယူမှုတွေကို ရုရှားနိုင်ငံက (၇)ကြိမ်မြောက် ဗွီတိုအာဏာနဲ့ ကာကွယ် ပေးခဲ့တာပဲဖြစ်ပါတယ်။

၂၀၁၁ခုနှစ် ဆီးရီးယားပြည်တွင်းစစ် စတင်ခဲ့ချိန်ကတည်းက တရုတ်နိုင်ငံကလည်း ဆီးရီးယားအပေါ် ကုလသမဂ္ဂရဲ့အရေးယူမှုကို ၆ ကြိမ်မြောက် ဗွီတိုအာဏာသုံးပြီး တားဆီးခဲ့တာဖြစ်ပါတယ်။

ရုရှားနဲ့ အမေရိကန်နိုင်ငံတို့ အကြား စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ဆီးရီးယားက သူ့ရဲ့ဓာတုလက်နက်တွေကို ဖျက်ဆီး ဖို့ သဘောတူခဲ့ပါတယ်။

ဆီးရီးယားအစိုးရဟာ ဆီးရီးယားပြည်သူတွေကို ဓာတုလက်နက်သုံးပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပေမယ့် သမ္မတအာဆတ်က အဲဒီစွပ်စွဲချက်တွေကို ငြင်းပယ်ခဲ့ပါတယ်။

အဲဒီလိုငြင်းပယ်ခဲ့ပေမယ့်လည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ဓာတုလက်နက် စောင့်ကြည့်ရေးအဖွဲ့တို့ရဲ့စုံစစ်းစစ်ဆေးမှုတွေအရ ဆီးရီးယားအစိုးရ တပ်တွေဟာ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ဓါတုလက်နက်နဲ့ တိုက်ခိုက်မှု သုံးကြိမ်တိတိ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)