အမေရိကန်စိတ်ဓာတ် ပြန်လည်ဆန်းသစ် ရမယ်လို့ သမ္မတထရန့် လွှတ်တော်မှာ ကတိပြု

0
294

လွှတ်တော်ကို ပထမဆုံးအကြိမ် ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ သမ္မတဒေါ်နယ်လ်ထရန့်က အမေရိကန်စိတ်ဓာတ် ပြန်လည် ဆန်းသစ်ရမယ်လို့ ကတိပြု ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ ကြီးမြတ်မှု သမိုင်းသစ်ကို ဖွင့်လှစ်ရင်း မဖြစ်နိုင်ဘူးလို့ ယူဆရတဲ့ အိပ်မက်တွေကို အကောင်းမြင်စိတ်နဲ့ ခိုင်ခိုင်မာမာ အကောင် အထည်ဖော်သွားမှာ ဖြစ်တယ်လို့လည်း မစ္စတာထရန့်က ပြောဆိုခဲ့ပါတယ်။

အင်ဒီးယန်းတစ်ဦးကို သေဆုံးစေခဲ့တဲ့ ကန်ဆပ်ပြည်နယ်က အမုန်းတရားအခြေခံရာဇ၀တ်မှုနဲ့ ဂျုးသုသာန်တွေကို မင်းမဲ့စရိုက် ဆန်ဆန်ဖျက်ဆီးနေမှုတွေကို မစ္စတာထရန့်က ရှုတ်ချပြောဆိုခဲ့ပါတယ်။

သမ္မတဖြစ်ချိန်မှာ အသိအမှတ်ပြုထောက်ခံမှုအားနည်းနေတဲ့အချက်ကို သူ့ရဲ့ပထမဆုံးလွှတ်တော်မိန့်ခွန်းမှာ ပြောင်းလဲသွားစေဖို့ မစ္စတာထရန့်က ကြိုးစားခဲ့တာလို့ ယူဆနိုင်ပါတယ်။

မနေ့ညက ပြောဆိုခဲ့တဲ့အဆိုပါ မိန့်ခွန်းမှာ မစ္စတာထရန့်က မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ မုန်းတီးမှုအခြေခံ ရာဇ၀တ်မှုတွေနဲ့ပတ် သက်ပြီး “ အမေရိကန် ဆိုတာ အမုန်းတရားနဲ့ မကောင်းမှုအလုံးစုံကို အားလုံးက၀ိုင်းဝန်းရှုတ်ချကြတဲ့တိုင်းပြည်ပါ” လို့ ပြောဆို သွားခဲ့ပါတယ်။

ဒါ့အပြင် လုံခြုံရေးနဲ့ ဥပဒေကိုလေးစားလိုက်နာမှု၊ အလုပ်အကိုင်တွေတိုးမြှင့်ပေးမှုတွေနဲ့ လူဝင်မှုမှုဝါဒပြုပြင်ပြောင်းလဲရေးလုပ် နိုင်မှာဖြစ်ကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)