လာမယ့် ၂၀၁၈ ကစလို့ လကမ္ဘာကို အလည် သွားလို့ ရတော့မယ်

0
293

နာဆာအဖွဲ့ရဲ့အပိုလို ယာဉ်မှူးတွေ ခြေချခဲ့ပြီး နောက်ပိုင်း ရာစုနှစ်တစ်ဝက်အထိ ဘယ်အဖွဲ့အစည်းကမှ ထပ်မံလုပ်ဆောင်ခြင်း မရှိတော့တဲ့ အာကာသ စီမံကိန်းဖြစ်တဲ့ လကမ္ဘာအနီးဝန်းကျင် တစ်ပတ်ကြာခရီးစဉ်ကို အမေရိကန်အာကာသကုမ္ပဏီဖြစ်တဲ့ Space Xက စီစဉ်နေပြီး ခရီးသည်နှစ်ဦး လိုက်ပါမှာဖြစ်ပါတယ်။

အသိအကျွမ်းဖြစ်သူနှစ်ဦးလို့ပဲ ဖော်ပြခဲ့ပြီး လိုက်ပါမယ့် အာကသခရီးသည်တွေရဲ့အမည်နဲ့ ကုန်ကျစားရိတ်ကို Space X ကုမ္ပဏီ
က လျို့ဝှက်ထားပါတယ်။ ဒါပေမဲ့ ဟောလိဝုဒ်လောကသားတွေတော့ မဟုတ်ဘူးလို့ အံ့အားသင့်စရာ သတင်းကို ထုတ်ဖော်ခဲ့တဲ့ ကုမ္ပဏီပိုင်ရှင် အဲလွန်မတ်ခ်က ပြောဆိုခဲ့ပါတယ်။

၂၀၁၈ခုနှစ်၊ နှစ်လယ်ပိုင်းမှာ နာဆာရဲ့အာကသယာဉ်မှူးတွေကို အပြည်ပြည်ဆိုင်ရာအာကာသစခန်းဆီ အရောက်ပို့ဖို့အတွက် Space X က အသင့်ပြင်နေပါတယ်။ အဲဒီစီမံကိန်းအပြီး ခြောက်လအကြာမှာ အခု လကမ္ဘာခရီးစဉ်ကို ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။
တစ်စုံတစ်ရာ အမှားအယွင်းမရှိသရွှေ့ အဆိုပါလကမ္ဘာခရီးစဉ်ဟာ ကုမ္ပဏီရဲ့သီးခြားစီမံကိန်းအဖြစ် လုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။

Space X တည်ထောက်သူအဲလွန်မတ်ခ်က လိုက်ပါမယ့်သူနှစ်ဦးဟာ ဒီခရီးစဉ်မှာ အန္တရာယ်မကင်း ဘူးဆိုတာကို သိရှိနားလည်ပြီးဖြစ်ကြောင်းနဲ့ မသွားခင်မှာ ကြိုတင်လေ့ကျင့် ပြင်ဆင်မှုတွေ ပြုလုပ်သွားကြမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အာကာသခရီးသည်နှစ်ဦးဟာ လမျက်နှာပြင်ပေါ်ကို ဆင်းသက်ကြမှာမဟုတ်ပေမယ့် နှစ်ယောက်အတူ မိုင်ပေါင်း ၃သိန်းကနေ ၄ သိန်းအထိ ခရီးထွက်ခဲ့ကြတယ်လို့ ပြောရမှာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)