ဟစ်တလာရဲ့ လေလံအောင်ဖုန်း အတုဖြစ်ကြောင်း ကျွမ်းကျင်သူ ပြောကြား

0
274

ဂျာမနီအာဏာရှင် ဟစ်တလာအသုံးပြုခဲ့တဲ့ ဖုန်းဆိုပြီးလေလံတင်ရောင်းချခဲ့တဲ့ တယ်လီဖုန်းဟာ သမိုင်းမှာ အကြီးမားဆုံးအဖျက် လက်နက်လို့ အမည်တပ်ခဲ့ပေမယ့် အတုဖြစ်ကြောင်း ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်ပြတိုက်ရဲ့အကြီးအကဲ ဖရန့်ခ်နက်ဂဲလ်က ပြောဆို လိုက်ပါတယ်။

“အဲဒီဖုန်းက ဂျာမနီမှာလုပ်ခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ လက်ကိုင်ကတော့ အင်္ဂလန်မှာ လုပ်တာဖြစ်နေတယ်။ အဲဒီမှာ တပ်ဆင်ခဲ့တာလို့ အဓိပ္ပါယ်ရနေတယ်” လို့ သူက ဂျာမန် သတင်းစာ Frankfurter Allgemeine ကို ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဖုန်းကို အနီရောင်ပလပ်စတစ်နဲ့ မလုပ်ဘဲ အနီရောင် ဆေးသုတ်ထား တာကိုလည်းသူ က သံသယရှိနေ တာပါ။

“ ဟစ်တလာ ကိုင်တွယ် အသုံးပြုတာမှန်သမျှကို အကောင်းစားလုပ်ခဲ့ကြတယ်။ ဆေးပဲအပေါ်က သုတ်ထားတယ်ဆိုတာက မဖြစ်နိုင်တဲ့အချက်တစ်ခုပဲ” လို့ ဖရန့်ခ်က ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ဖရန့်ရဲ့ဝေဖန်သုံးသပ်ချက်တွေက မှုလပိုင်ရှင်ဖြစ်ပြီး ယခုလအစောပိုင်းက အမေရိကန်မှာ ဒေါ်လာ ၂၄၃,၀၀၀ နဲ့လေလံ တင်နိုင်ခဲ့တဲ့ ဘီလ်ပန်နာဂိုလ်ပူလို အတွက်တော့ စော်ကားမှုဖြစ်တစ်ခုအဖြစ် မြင်စေခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံက ဗိုလ်ချုပ်ရပ်ဖ်ရေနာကတော့ အဆိုပါပြောဆိုမှုကြောင့် အလွန်ဒေါသထွက် ပေါက်ကွဲမိကြောင်း ပြောဆိုခဲ့ပါတယ်။ သူ့ ရဲ့ဖခင်ဖြစ်သူ ရာလ်ဖ်ရေနာဟာ ဟစ်တလာရဲ့ကလုပ်ကျင်းထဲကို ပထမဆုံးဝင်ရသူဖြစ်ကြောင်းနဲ့ အဲဒီတယ်လီဖုန်းကို ဆိုဗီယက် အရာရှိကပေးခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မစ္စတာရေနာက သူကိုယ်တိုင်လည်း သုတေသနပြုလုပ်ခဲ့ပြီး ဟစ်တလာရဲ့က လုပ်ကျင်းထဲမှာ ဖုန်းအော်ပရေတာလုပ်ခဲ့သူနဲ့လည်း တွေ့ဆုံပြောဆိုခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)