ဆာဘတ္ကို  ဖိလစ္ပိုင္ျပည္နယ္အျဖစ္ သတ္မွတ္ဖို႔ ကမ္းလွမ္းကို မေလးရွား ပယ္ခ်

0
1832

ဖိလစ္ပိုင္အစိုး ရ ကဖြဲစည္းပံုအေျခခံ ဥပေဒျပင္ဆင္ခ်ိန္မွာ  ဆာဘတ္ ျပည္နယ္ကို ဖိလစ္ပိုင္ႏိုင္ငံရဲက  ျပည္နယ္ ၁၃ ႏွစ္ေျမာက္ အျဖစ္ ထည့္သြင္းဖို႔အဆုိျပဳခ်က္ကို မေလးရွား အစိုးရကပယ္ခ်လိုက္ပါတယ္။

မေလးရွားႏုိင္ငံက  ဆာဘတ္ေဒသရဲ႕အေျခေနေတြနဲ႔ ပတ္သက္လုိခြင္ျပဳမွာမဟုတ္ဘူးလို႔ တံုျပန္ထားပါတယ္။ ဆာဘတ္ေဒသဟာ ကုလသမဂၢနဲ႔  ႏိုင္ငံတကာအဖြဲ႔အစည္းေတြက  မေလးရွားႏုိင္ငံရဲ႕ အစိတ္အပိုင္းအျဖစ္ အသိမွတ္ျပဳထားခဲ့ၿပီးျဖစ္ပါတယ္။

မေလးရွားႏုိင္ငံျခားေရး ဝန္ႀကီး အာဖရင္က ဖိလစ္ပိုင္ရဲ႕လုပ္ရပ္ဟာ  ရွိၿပီးသား ႏုိင္ငံတကာဥပေဒေတြနဲ႔ သမုိင္းဝင္အခ်က္လက္ေတြကို လစ္လ်ဴ႐ႈရာ ေရာက္ေနတယ္လို႔ေျပာပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံဟာ ၁၉၈၇ ခုႏွစ္ ဥပေဒကို ျပင္ဆင္ေျပာင္းလဲဖို႔ အဖြဲ႔ဝင္ ၂၅ ဦးပါတဲ့ အတုိင္ပင္ခံအဖြဲ႔ကို ဖြဲ႔စည္းထားၿပီး  အဲဒီဖြဲ႔စည္းပံုအေျခခံျပင္ဆင္ခ်ိန္မွာ လက္ရွိအစိုးရ စနစ္ကေန  ဖက္ဒရယ္အစိုးရ ကိုေျပာင္းလဲဖုိ႔ စီစဥ္မႈေတြရွိေနပါတယ္။

လက္ရွိအခ်ိန္မွာ ဖိလစ္ပိုင္ႏုိင္ငံအတြင္း ျပည္နယ္ ၁၂ ျပည္နယ္သာရွိေသးၿပီး ေနာက္ပိုင္းမွာ ဆာဘတ္ကို ျပည္နယ္ အျဖစ္ ထည့္သြင္းသြားမယ္လို႔  ဖိလစ္ပိုင္အစိုးရအဖြဲ႔ အတိုင္ပင္ခံေကာ္မတီဝင္ အကြီလီႏိုပီမန္တယ္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆာဘတ်ကို ဖိလစ်ပိုင်ပြည်နယ်အဖြစ် သတ်မှတ်ဖို့ ကမ်းလှမ်းကို မလေးရှား ပယ်ချ
ဖိလစ်ပိုင်အစိုး ရ ကဖွဲစည်းပုံအခြေခံ ဥပဒေပြင်ဆင်ချိန်မှာ ဆာဘတ် ပြည်နယ်ကို ဖိလစ်ပိုင်နိုင်ငံရဲက ပြည်နယ် ၁၃ နှစ်မြောက် အဖြစ် ထည့်သွင်းဖို့အဆိုပြုချက်ကို မလေးရှား အစိုးရကပယ်ချလိုက်ပါတယ်။

မလေးရှားနိုင်ငံက ဆာဘတ်ဒေသရဲ့အခြေနေတွေနဲ့ ပတ်သက်လိုခွင်ပြုမှာမဟုတ်ဘူးလို့ တုံပြန်ထားပါတယ်။ ဆာဘတ်ဒေသဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက မလေးရှားနိုင်ငံရဲ့ အစိတ်အပိုင်းအဖြစ် အသိမှတ်ပြုထားခဲ့ပြီးဖြစ်ပါတယ်။ မလေးရှားနိုင်ငံခြားရေး ဝန်ကြီး အာဖရင်က ဖိလစ်ပိုင်ရဲ့လုပ်ရပ်ဟာ ရှိပြီးသား နိုင်ငံတကာဥပဒေတွေနဲ့ သမိုင်းဝင်အချက်လက်တွေကို လစ်လျူရှုရာ ရောက်နေတယ်လို့ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ၁၉၈၇ ခုနှစ် ဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့ အဖွဲ့ဝင် ၂၅ ဦးပါတဲ့ အတိုင်ပင်ခံအဖွဲ့ကို ဖွဲ့စည်းထားပြီး အဲဒီဖွဲ့စည်းပုံအခြေခံပြင်ဆင်ချိန်မှာ လက်ရှိအစိုးရ စနစ်ကနေ ဖက်ဒရယ်အစိုးရ ကိုပြောင်းလဲဖို့ စီစဉ်မှုတွေရှိနေပါတယ်။

လက်ရှိအချိန်မှာ ဖိလစ်ပိုင်နိုင်ငံအတွင်း ပြည်နယ် ၁၂ ပြည်နယ်သာရှိသေးပြီး နောက်ပိုင်းမှာ ဆာဘတ်ကို ပြည်နယ် အဖြစ် ထည့်သွင်းသွားမယ်လို့ ဖိလစ်ပိုင်အစိုးရအဖွဲ့ အတိုင်ပင်ခံကော်မတီဝင် အကွီလီနိုပီမန်တယ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)