
0
1751




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပါလက်စတိုင်း ၁၀ဝ၀ ကျော် အစ္စရေးအစိုးရ ဖမ်းဆီးထား

ဂျေရုဆလမ်မြို့ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က တဖက်သတ် အသိအမှတ်ပြုခဲ့ပြီးနောက်ပိုင်း ဆန္ဒပြမှုတွေကြောင့် အစ္စရေးက ပါလက်စတိုင်း ၁၀ဝ၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ပါလက်စတိုင်း အကျဉ်းသားရေးရာ ကော်မရှင် ညွှန်ကြားရေးမှူး ကွာရာကွာက ဂျေရုဆလမ်မှာ ပဋိပက္ခဖြစ်ပွားမှု ပိုမိုပြင်းထန်လာပြီး အစ္စရေးတို့ဟာ ကြီးမားတဲ့ ဆန္ဒပြမှုတွေကို ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းခဲ့ရာ ဖမ်းဆီးခံရတဲ့ လူအများစုဟာ ပါလက်စတိုင်းလူငယ်တွေဖြစ်တယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အစ္စရေးရဲတွေရဲ့ ညှဉ်းပမ်းနှိပ်စက်မှု၊ စော်ကားမှုတွေ ခံရတယ်လို့ ကွာရာကွာက စွပ်စွဲထားပါတယ်။ ဂျေရုဆလမ်မြို့မှာ ထိပ်တိုက်တွေ့မှုတွေဟာ ပြင်းထန်မှုနေပြီး အစ္စရေးကို ရန်စမှု ဖြစ်လာနိုင်တဲ့အထိ ပျံ့နှံလာဖွယ်ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)