အာဆင္နယ္က ေဒါ့မြန္တုိက္စစ္မႉး ေအဘာမီယမ္ကို ေပါင္ ၅၆ သန္းနဲ႔ ေခၚယူ

0
1766

အာဆင္နယ္အသင္းဟာ ေဒါ့မြန္အသင္းက ဂါဘြန္တုိက္စစ္မႉး ေအဘာမီယမ္ကို ကလပ္စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၅၆ သန္းနဲ႔ ေခၚယူလုိက္ၿပီ ျဖစ္ပါတယ္။

အာဆင္နယ္က အသက္ ၂၈ ႏွစ္အရြယ္ရွိ တုိက္စစ္မႉးကို ေခၚယူႏုိင္ဖုိ႔ ႀကိဳပမ္းခဲ့ရာ ေဒါ့မြန္အသင္းက ႏွစ္ႀကိမ္တုိင္ ပယ္ခ်ခဲ့ၿပီးေနာက္ ေျပာင္းေရႊြ႕ေၾကး သေဘာတူညီမႈ ရခဲ့တာ ျဖစ္ပါတယ္။

ေဒါ့မြန္အသင္းဟာ ခ်ဲလ္ဆီးတုိက္စစ္မႉး ဘတ္ရွႈအာရီကို အငွားနဲ႔ေခၚယူဖုိ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီးေနာက္ တိုက္စစ္မႉး  ေအဘာမီယမ္ကို ေရာင္းခ်ဖုိ႔ သေဘာတူညီခဲ့တာ ျဖစ္ပါတယ္။  

အာဆင္နယ္အသင္းဟာ ေအဘာမီယမ္ကို ကာလရွည္စာခ်ဳပ္ ခ်ဳပ္ဆုိသြားမွာ ျဖစ္ပါတယ္။ ဟင္နရီလုိ အေက်ာ္အေမာ္ ကစားသမားေတြ ရွိခဲ့ၿပီး သမုိင္းအစဥ္အလာ ႀကီးမားတဲ့  အာဆင္နယ္ အသင္းကို ေရာက္ရွိခဲ့လုိ႔ ေပ်ာ္ရႊင္ရတယ္လို႔ ေအဘာမီယမ္က ေျပာပါတယ္။

ေအဘာမီယမ္ဟာ အခုရာသီမွာ ကစားခဲ့တဲ့ ပြဲေပါင္း ၂၄ ပြဲအတြင္း ၂၃ ဂိုး သြင္းယူႏုိင္မႈအျပင္ ၂၀၁၃ ခုႏွစ္ ေနာက္ပိုင္းတည္းက ေဒါ့မြန္အသင္းအတြက္ ပြဲေပါင္း ၂၁၃ ပြဲမွာ ဂိုးေပါင္း ၁၄၁ ဂိုး သြင္းယူႏုိင္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဆင်နယ်က ဒေါ့မွန်တိုက်စစ်မှူး အေဘာမီယမ်ကို ပေါင် ၅၆ သန်းနဲ့ ခေါ်ယူ

အာဆင်နယ်အသင်းဟာ ဒေါ့မွန်အသင်းက ဂါဘွန်တိုက်စစ်မှူး အေဘာမီယမ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၅၆ သန်းနဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

အာဆင်နယ်က အသက် ၂၈ နှစ်အရွယ်ရှိ တိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့ ကြိုပမ်းခဲ့ရာ ဒေါ့မွန်အသင်းက နှစ်ကြိမ်တိုင် ပယ်ချခဲ့ပြီးနောက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဟာ ချဲလ်ဆီးတိုက်စစ်မှူး ဘတ်ရှုအာရီကို အငှားနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် တိုက်စစ်မှူး အေဘာမီယမ်ကို ရောင်းချဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အေဘာမီယမ်ကို ကာလရှည်စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။ ဟင်နရီလို အကျော်အမော် ကစားသမားတွေ ရှိခဲ့ပြီး သမိုင်းအစဉ်အလာ ကြီးမားတဲ့ အာဆင်နယ် အသင်းကို ရောက်ရှိခဲ့လို့ ပျော်ရွှင်ရတယ်လို့ အေဘာမီယမ်က ပြောပါတယ်။ အေဘာမီယမ်ဟာ အခုရာသီမှာ ကစားခဲ့တဲ့ ပွဲပေါင်း ၂၄ ပွဲအတွင်း ၂၃ ဂိုး သွင်းယူနိုင်မှုအပြင် ၂၀၁၃ ခုနှစ် နောက်ပိုင်းတည်းက ဒေါ့မွန်အသင်းအတွက် ပွဲပေါင်း ၂၁၃ ပွဲမှာ ဂိုးပေါင်း ၁၄၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)