
0
2064





>>>>>>>>>>>>>>>>>>>>>>>>>>>>

အဆိုတော် ရီဟာနားက ကိုယ်ဝန် မရှိဘူးလို့ တုံ့ပြန်

ကမ္ဘာကျော်အဆိုတော် ရီဟားနားက သူ့မှာ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ငြင်းဆိုလိုက်ပါတယ်။

ရီဟာနားဟာ ပြီးခဲ့ရက်ရက်က ကျင်းပတဲ့ ဂရမ်မီ ဆုပေးပွဲမှာ ဖျော်ဖြေစဉ်အတွင်း သူ့ရဲ့ ကခုန်မှုတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ကိုယ်ဝန်ရှိနေတယ်လို့ ထင်ခဲ့ကြတာ ဖြစ်ပါတယ်။ ရီဟားနားနဲ့ နီးစပ်သူတွေက ရီဟားနား ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ သတင်းတွေက မှန်ကန်မှုမရှိဘဲ လက်ရှိ အချိန်မှာလည်း ကိုယ်ဝန်ရယူဖို့ ကြိုးစားမှာ မဟုတ်ဘူးလို့ ပြောကြပါတယ်။

ရီဟာနားဟာ လက်ရှိအချိန်မှာ ဆော်ဒီအာရေဗျ သန်းကြွယ်သူဌေး ဟတ်ဆန် ဂျာမီလ်နဲ့ ချစ်သူတွေဖြစ်နေပြီး ဟတ်ဆန်နဲ့ မိသားစုဘဝ ထူထောင်မှု ရှိ၊ မရှိဆိုတာကို မသိရသေးဘဲ သူ့ရဲ့ အနာဂတ်ကို မကြာမီမှာ ထုတ်ဖော်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)